လာမဲ့ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တစ်ယောက်အနေနဲ့ မဲပေးရာမှာ လိုက်နာရမဲ့ အချက် တွေနဲ့ ပတ်သက်လို့ နိုဝင်ဘာ(၈)ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ အသိပေးထုတ် ပြန်ထားပါတယ်။မဲဆန္ဒရှင်တစ်ယောက်ဟာ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ ဧည့်နိုင်ငံသား ဒါမှမ ဟုတ် နိုင်ငံသားပြုခွင့်ရ လက်မှတ်မှအပ မဲရုံအတွင်းကို မသက်ဆိုင်တဲ့ပစ္စည်းတွေ ယူဆောင်လာတာ မပြုလုပ်ရ ဘူးလို့ ဆိုပါတယ်။

ဆန္ဒပြုစက်ပေါ်က မိမိမဲပေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့အမည်နဲ့ သင်္ကေတအမှတ်အသား တည့် တည့်မှာရှိတဲ့ ဆန္ဒပြုခလုတ်ကို တစ်ကြိမ်သာနှိပ်ကာ ဆန္ဒပြုဖို့၊ တစ်ကြိမ်ထက်ပိုပြီး နှိပ်တာမပြုလုပ်ဖို့၊ ခလုတ် တစ်ခုထက်ပိုပြီး ခလုတ်နှစ်ခု၊ သုံးခု တစ်ပြိုင်တည်း မနှိပ်ဖို့တွေကိုလည်း အသိပေးထားပါတယ်။နောက်တစ်ချက်ကတော့ ဆန္ဒပြုခန်းထဲမှာ မဲပေးစက်ရဲ့ စက်အစိတ်အပိုင်းတစ်ခုခုကို မဲပေးတာနဲ့ မသက်ဆိုင်တဲ့ ဆောင်ရွက်မှု တစ်ခုခု မပြုလုပ်ဖို့၊ မဲပေးစက်ရဲ့စက်အစိတ်အပိုင်းတစ်ခုခုကို တစ်နည်းနည်းနဲ့ အနှောင့်အယှက် ပြုလုပ်တာမျိုး မပြုလုပ်ဖို့နဲ့ ဆန္ဒပြုခန်းထဲမှာ အချိန်ကြာမြင့်စွာ ဆောင်ရွက်တာ မပြုလုပ်ဖို့ကိုလည်း အသိပေး ထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲတစ်ခုခုမှာ လွှတ်တော်မဲဆန္ဒနယ် တစ်နယ်ထက်ပိုတဲ့ မဲဆန္ဒနယ်တွေအတွက် ဆန္ဒမဲ မပေးဖို့၊ မိမိဆန္ဒမဲ ပေးပိုင်ခွင့်ရှိတဲ့ လွှတ်တော်မဲဆန္ဒနယ်အတွက် တစ်ကြိမ်ထက်ပိုပြီး ဆန္ဒမဲပေးတာ မပြုလုပ်ဖို့၊ အခြားသူ အယောင်ဆောင်ပြီး ဆန္ဒမဲပေးတာ မပြုလုပ်ဖို့၊ ကိုယ်စားလှယ်စေလွှတ်ပြီး ဆန္ဒမဲမပေးဖို့နဲ့ အခြားသူ ကိုယ်စား မဲမပေးဖို့တွေကိုလည်း အသိပေးထားပါတယ်။




