တရုတ်နိုင်ငံဟာ ၂၀၂၀ ပြည့်နှစ်ကစပြီး ဒုံးကျည်ထုတ်လုပ်မှုနဲ့ဆက်စပ်နေတဲ့ နေရာတွေကို အကြီးအကျယ် တိုးချဲ့ လုပ်ဆောင်နေပြီး အခုလက်ရှိမှာ အဲဒီလို လုပ်ဆောင်ဆောင်နေတဲ့ ဂြိုဟ်တုပုံရိပ်တွေ ထွက်ပေါ်လာတာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ အမေရိကန်စစ်တပ်ကို ဟန့်တားနိုင်စွမ်းနဲ့ ဒေသတွင်း လွှမ်းမိုးမှုကို ခိုင်မာစေတယ်လို့ CNN က ဖော်ပြထား တဲ့ ဂြိုဟ်တုပုံရိပ်တွေကို ကြည့်ပြီး ခန့်မှန်းသုံးသပ်လို့ ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

သမိုင်းဝင် ဒုံးကျည်ထုတ်လုပ်မှုနဲ့ ဆက်စပ်နေတဲ့နေရာတွေကို အကြီးအကျယ် တိုးချဲ့လုပ်ဆောင်မှုက အမေရိကန် ပြည်ထောင်စုရဲ့ ထောက်ပံ့ရေး ရုန်းကန်မှုတွေနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ဒုံးကျည်ထုတ်လုပ်မှု ဒါမှမဟုတ် နျူကလီးယားလက်နက်တိုက်ကို ထိန်းချုပ်ထားတဲ့ တရုတ်စစ်တပ်နဲ့ ချိတ်ဆက်ထားတဲ့ အဆောက်အအုံ ၆၀ ရာခိုင်နှုန်းကျော်မှာ ဂြိုဟ်တုပုံရိပ်တွေကနေတစ်ဆင့် တိုးချဲ့မှု လက္ခဏာတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။




