ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ ဇန်နဝါရီလ ၇ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အဲဒီ ဖြစ်စဉ်ကြောင့် အသက် ၃၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ မီးလောင်ပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တဲ့ ရွှေမေတ္တာ လူမှုကူညီရေးအသင်းကနေ သိရပါတယ်၊၊

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၇ ရက်၊ မနက် ၄ နာရီ မိနစ် ၅၀ အချိန်လောက်က ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းမှာရှိတဲ့ လူနေ အဆောင်ဝင်းတစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်၊၊

မီးလောင်ရာနေရာကို မီးသတ်တပ်ဖွဲ့က သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၆ နာရီ မိနစ် ၂၀ လောက်မှာ မီးငြိမ်းခဲ့ ပြီး မီးလောင်ရတဲ့ မီးလောင်မှုဖြစ်စဉ်နဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို စိစစ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရပါတယ်။