အစ္စရေးဟာ ဂါဇာမြို့ကို အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှု စက်တင်ဘာ ၁၆ ရက်က စတင်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ဂါဇာမြို့ကို ကာလရှည်ကြာ ခြိမ်းခြောက်နေတဲ့ မြေပြင်ထိုးစစ်ကိုလည်း အစ္စရေးက လုပ်ဆောင်နေတာပါ။ မြေပြင်တပ်တွေဟာ ဂါဇာမြို့တွင်းရှိ အဓိကနေရာတွေကို ပိုမိုနက်ရှိုင်းစွာ နေရာယူနေပြီး ဟားမတ်စ် တိုက်ခိုက် ရေးသမား ၃၀၀၀ ကျော်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားထား ပါတယ်။

လာမယ့် ရက်ပိုင်းအတွင်းမှာလည်း စစ်သားအရေအတွက်ပိုမို တိုးမြှင့်နေရာချထားမှာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားထားပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အစ္စရေးဟာ ဓားစာခံတွေကို လူသားဒိုင်းတွေအဖြစ် အသုံးပြုနေပြီး ဟားမတ်တွေကို ငရဲပြည် ပို့ဆောင်ပေးမှာဖြစ်တယ်လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ ပါတယ်။




