ဥရောပသမဂ္ဂခေါင်းဆောင်တွေအနေနဲ့ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအသစ်ထားရှိမှုကို နောက်ထပ် ၆ လကြာအောင် ထားရှိဖို့ သဘောတူခဲ့တယ်လို့ , ဇွန်လ ၂၆ ရက်နေ့က Reuters သတင်းမှာပါရှိပါတယ်။

အရေးယူပိတ်ဆို့မှုအသစ်တွေမှာ ပါဝင်တဲ့ ကုမ္ပဏီတွေ တင်သွင်းထားတဲ့ အသနားခံစာ အဆိုပြုချက်တွေကို မငှဲ့ညာဘဲ ယူကရိန်းအပေါ် ကျူးကျော်မှုတွေ ဆက်လက် တိုးချဲ့နေတဲ့ ရုရှားအပေါ် ဒဏ်ခတ်တဲ့အနေနဲ့ အရေးယူပိတ်ဆို့မှုအသစ်ထားရှိမှုကို နောက်ထပ် ၆ လကြာအောင် ထားသွားမှာဖြစ်တယ်လို့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

ပိတ်ဆိုမှု့အသစ်တွေထဲမှာအရေးပါတဲ့နည်းပညာနဲ့ စက်မှုကုန်ပစ္စည်းတွေ တင်ပို့မှုပိတ်ပင်ထားမှုကြောင့် ရုရှား ကုမ္ပဏီတွေ အနေနဲ့ များစွာ အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။ယူကရိန်းနယ်မြေအတွင်းမှာ စစ်ရေးအင်အား တိုးချဲ့မှုကိုရုတ်သိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုဆောင်ရွက်လိုက်တာနဲ့တစ်ပြိုင်နက်အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးသွားမှာဖြစ်တယ်လို့ ဥရောပသမဂ္ဂခေါင်းဆောင်တွေကပြောကြားထားပါတယ်။




