ကေပေါ့ပ်ဂီတအဖွဲ့ BTS ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ရှူဂါဟာ လျှပ်စစ်စကူတာကို အရက်မူးပြီး မောင်းနှင်ခဲ့တဲ့ အတွက် စစ်ဆေးမေးမြန်းခံဖို့ သြဂုတ် ၂၃ ရက်က ရဲတွေရှေ့မှောက် ရောက်ရှိလာခဲ့ပါတယ်။
အခုလအစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အတွက် သီချင်းရေးဆရာနဲ့ ရက်ပါဖြစ်သူ ရှူဂါ တို့ကို ရဲတွေက ဒဏ်ငွေရိုက်ပြီး လိုင်စင်ကို ရုပ်သိမ်းခဲ့ပါတယ်။
ရှူဂါကတော့ ရဲစခန်းထဲ မဝင်ခင် ပရိသတ်တွေနဲ့ လူတော်တော်များများကို စိတ်ပျက်စေခဲ့တဲ့ အတွက် စိတ်မကောင်းဖြစ် နောင်တရမိသလို စုံစမ်းစစ်ဆေးမှုမှာ ရိုးရိုးသားသား ပါဝင်သွားပါမယ်လို့ တောင်းပန်ခဲ့ ပါတယ်။
သူဘယ်လောက် သောက်စားပြီး ဘာကြောင့် အရက်မူးလျက်နဲ့ ယာဉ်မောင်းခဲ့ရတာလဲ ဆိုတာ ရဲတပ်ဖွဲ့ က စစ်ဆေးဖို့ မျှော်လင့်ထားတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကေပေါ့ကုမ္ပဏီ HYBE (ဟိုက်ဘ)ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Big Hit Music ကလည်း ညဘက် စကူတာစီးပြီး ရပ်နားချိန်မှာ ခလုတ်တိုက်မိ တယ်လို့ ပြောပါတယ်။
အသက် ၃၁ နှစ်အရွယ် ရှူဂါဟာ သူ့ရဲ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ရမယ့် ကတိကဝတ်တွေ ပြည့်မီအောင် လူမှုဝန်ဆောင်မှုလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်ခဲ့ရတယ်လို့လည်း သိရပါတယ်။