သတိပေးနေတဲ့ကြားကပင် ရုရှားဆီက ရေနံနဲ့သဘာဝဓာတ်ငွေ့ ဆက်လက်ဝယ်ယူမှုအတွက် ဒဏ်ခတ်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံက အခွန်နှုန်းထား ၅၀ ရာခိုင်နှုန်းအထိ ပေးရမယ်လို့ သမ္မတထရမ့်က ဩဂုတ် ၆ ရက်က ကြေညာ လိုက်ပါတယ်။ဒီကနေ့ ကြာသပတေးနေ့မှာ အသက်ဝင်မယ့် ၂၅ ရာခိုင်နှုန်း ကုန်သွယ်ခွန်အပြင် ရုရှားဆီက ရေနံနဲ့သဘာဝဓာတ် ငွေ့ တင်သွင်းမှုအတွက် သီးသန့် ၂၅ ရာခိုင်နှုန်းထပ်ပေးဖို့ အိန္ဒိယအပေါ် ဒဏ်ခတ်လိုက်တာ ဖြစ်ပြီး အခုဩဂုတ်လ နှောင်းပိုင်းကနေ စတင်အသက်ဝင်မှာပါ။

မော်စကိုမှာ သမ္မတပူတင်နဲ့ အမေရိကန်သံတမန်တို့ တွေ့ဆုံအပြီး နာရီပိုင်းအကြာမှာ အိန္ဒိယအပေါ် အခွန်နှုန်း ထပ်ထိုးတဲ့ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ယူကရိန်းကို တိုက်ဖို့ ရုရှားအသုံးပြုမယ့် စစ်အသုံးစရိတ်အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီလှုံ့ဆော်ပေးနေ တယ်လို့ အိန္ဒိယအပေါ် စွပ်စွဲထားပြီး သမ္မတထရမ့်အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ပထမဆုံးအကြိမ် အသုံးပြုတာ ဖြစ်ပါတယ်။