မကြာခင်မှာ ပူတင်နဲ့ ဇယ်လန်စကီး သမ္မတနှစ်ဦး တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခု စီစဉ်ပေးမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပါတယ်။

သမ္မတ ပူတင်နဲ့ ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ သဘောတူညီမှု ဘာမှ မရခဲ့ပေမယ့် တိုးတက်မှုတွေ အများကြီး ရှိခဲ့တယ်လို့ သမ္မတ ထရမ့်က ဆွေးနွေးပွဲ အပြီး Fox News နဲ့ မေးမြန်းခန်းမှာ ပြောကြားသွားပါတယ်။ဒီနေ့ တွေ့ဆုံမှုက အတော်လေး ကောင်းပေမဲ့ စောင့်ကြည့် ရဦးမယ်လို့ ထရမ့်ကပြောပါတယ်။ သဘောတူညီမှု ရမှဖြစ်မှာဖြစ်ပြီး ကျွန်တော်တို့ အချက်အလက် အတော်များများကို သဘောတူညီ ခဲ့ကြတယ်လို့ပြောပါတယ်။ ဒါ့အပြင်လူတွေသေဆုံးနေတာ ရပ်တန့်သွားတာကိုလည်းမြင်ချင်ပါတယ်လို့ဆိုပါတယ်။

အခုဆွေးနွေးပွဲက အမြင်အရတော့ သဘောတူညီချက် မရမချင်း ဘာမှရရှိမှာ မဟုတ်သေးပါဘူး… ဒါပေမဲ့ကျွန်တော်တို့ အတော်လေး တိုးတက်မှုတော့ ရှိခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။ပူတင်နဲ့ သဘောထား မတိုက်ဆိုင်တာတွေကို အများပြည်သူ သိအောင် ထုတ်ဖော်မပြောဆို ပေမယ့်တစ်ယောက်ယောက် ကတော့ ထုတ်ပြော လိမ့်မယ်လို့ ထင်တယ်လို့ပြောပါတယ်။ဒီတွေ့ဆုံမှုဟာ အရေးပါတဲ့ နှစ်နိုင်ငံအကြား အလွန်နွေးထွေးတဲ့ တွေ့ဆုံမှုတခု ဖြစ်ခဲ့ပြီး သဘောတူညီချက်ရဖို့ အတော်လေး နီးစပ်နေတာကြောင့် ယူကရိန်း ကလည်း သဘောတူဖို့ လိုတယ်လို့လို့ ထရမ့်ကပြောကြားခဲ့ပါတယ်။