ထိုင်းတော်ဝင်တပ်မတော်ဟာ ကမ္ဘောဒီးယားနဲ့အငြင်းပွားနေတဲ့ နယ်စပ်တစ်လျှောက်မှာ လေကြောင်းတိုက်ခိုက် တာတွေ စတင်တော့မှာဖြစ်တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၈ ရက်မှာ ကြေညာခဲ့တာကို Reuters သတင်းမှာ ဖော်ပြ ထားပါတယ်။

ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ ထိုင်းတပ်တွေကို ပစ်ခတ်ခဲ့ပြီး စစ်သားတစ်ယောက်သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စွပ်စွဲပြီးနောက် ထိုင်းတော်ဝင်တပ်မတော်က လေကြောင်းတိုက်ခိုက်မှုတွေ စတင်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ တနင်္လာနေ့ထုတ်ပြန်ကြေညာချက်မှာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဝင်းထိုင်း ဆူဗရီက ဥဘွန်ရတ်ချီ ပြည်နယ်၊ နမ်ယွမ်ခရိုင်၊ ချုံဘုတ်ဒေသမှာ အသက်ဆုံးရှုံးမှုများတဲ့ ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် ထိုင်းစစ်တပ်ဟာ လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် ထိုင်းတပ်မတော်ဟာ “နယ်စပ်ဒေသတွေရှိ အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့အတွက် ပံ့ပိုးမှုကို အရှိန်မြှင့်တင်ပေး”နေတယ်လို့လည်း ဆူဗရီက ပြောကြားခဲ့ပါတယ်။




