ယူရယ်တောင်တန်းဒေသ ကုန်သွယ်မှုနဲ့စက်မှုလုပ်ငန်းအဖွဲ့(UCCI )ဥက္ကဋ္ဌရဲ့အဆိုအရ ကျွမ်းကျင်လုပ်သား အကြီး အကျယ် ပြတ်လပ်တာကို ဖြေရှင်းဖို့ ၂၀၂၅ နှစ်ကုန်မှာ အိန္ဒိယနိုင်ငံသားတစ်သန်းအထိ ရုရှားကို ပြောင်းရွှေ့ အခြေချနိုင်တယ်လို့ သိရပါတယ်။

ဒီနှစ်မတိုင်ခင်ကလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ အိန္ဒိယအစိုးရအရာရှိတွေက အဲဒီကိန်းဂဏန်း ရှိလာမယ်လို့ ပြောကြားခဲ့တာကို ယူရေးရှားသတင်းအေဂျင်စီနဲ့အင်တာဗျုးတစ်ခုမှာ (UCCI )ဥက္ကဋ္ဌက ထုတ်ဖော်ပြောကြားခဲ့ တာပါ။
ယူကရိန်းမှာ စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲတဲ့အတွက် လိုအပ်ချက်တွေနဲ့ သွင်းကုန်အစားထိုးရေးနဲ့ ပတ်သက် တဲ့ နိုင်ငံရဲ့မူဝါဒတွေကြောင့် ရုရှားစက်မှုလုပ်ငန်းကော်ပိုရေးရှင်းတွေက ထုတ်ကုန်ကို တိုးပြီး ထုတ်လုပ်ဖို့ အခက်အခဲကြုံနေပြီး အဲဒီဒေသမှာ ကျွမ်းကျင်လုပ်သားတွေ မလုံလောက်ဘူးလို့လည်း (UCCI )ဥက္ကဋ္ဌက အလေးပေး ပြောကြားခဲ့ပါတယ်။

အဲဒီအထူးစစ်ဆင်ရေးကို ကျွမ်းကျင်လုပ်သားထုရဲ့တစ်စိတ်တစ်ဒေသကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ (UCCI )ဥက္ကဋ္ဌရဲ့အဆိုအရ အိန္ဒိယနိုင်ငံသားရွှေ့ပြောင်း အခြေချသူတွေဟာ သတ္တုလုပ်ငန်းနဲ့ စက်မှုအင်ဂျင်နီယာလုပ်ငန်း တွေမှာ လုပ်ကိုင်မယ်လို့ မျှော်လင့်ရပါတယ်။