ရုရှားဟာ ယူကရိန်းနိုင်ငံကို ဒရုန်းတွေနဲ့တိုက်ခိုက်မှုကြောင့် သတ္တုတွင်းလုပ်သား ၁၂ ယောက် သေဆုံးခဲ့တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း Dnipropetrovsk ဒေသရှိ ဘတ်စကားတစ်စီးကို ရုရှားဒရုန်းတစ်စင်းက ထိမှန်ခဲ့ပြီး အနည်းဆုံး လူ ၁၂ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ယူကရိန်းဟာ မော်စကိုဒေသတွင်းရှိ ကျောက်မီးသွေးတွင်းတွေကို “ကြီးမာတဲ့တိုက်ခိုက်မှု” ပြုလုပ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှးက သတ္တုတွင်း လုပ်သားတွေ တင်ဆောင်လာတဲ့ ဘတ်စကားတစ်စီးကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီးရဲ့ အကြံပေးကလည်း ဒရုန်းတစ်စင်းဟာ ဘတ်စကားကို ထိမှန်ခဲ့တာကြောင့် အခုလို သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာလို့ ပြောပါတယ်။




