အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ရွေးချယ်မှုနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူတွေ စိတ်အေး သွားချိန်မှာ ဥရောပ စတော့ရှယ်ယာဈေးကွက် အားနည်းနေပြီး ဒီနေ့ ဖေဖော်ဝါရီလ ၂ရက်မှာ ရွှေဈေးနဲ့ ငွေဈေး တွေ ပြန်လည်ကျဆင်းလာတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုအတွက် အရေးကြီးတယ် လို့ ယူဆရပြီး တန်ဖိုးရှိသတ္တုတွေဖြစ်တဲ့ ရွှေနဲ့ငွေဈေးနှုန်းတွေဟာ ထရန့်ရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ရွေးချယ်ပြီးနောက်မှာ လျော့ကျလာတာ ဖြစ်ပါတယ်။

ထရမ့်က ကေဗင် ဝါ့ရှ်ကို အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းခဲ့တာပါ။

ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရမီ ပါဝဲလ်ကို ဒေါ်နယ်ထရန့်က ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန် ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးအရ ထိခိုက်မှုတွေ ဖြစ်လာတာ ဖြစ်ပါတယ်။




