ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းက Kupiansk မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ရုရှားစစ်ဦးစီးချုပ်က နိုဝင်ဘာ ၁၉ ရက်က ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

သမ္မတပူတင်ကလည်း ရုရှား“အနောက်ပိုင်း”အဖွဲ့ရဲ့ ကွပ်ကဲရေးစခန်းကို သွားရောက်ခဲ့ပြီး ရုရှားစစ်ဦးစီးချုပ်အပြင် ထိပ်တန်းစစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံကာ ယူကရိန်းအရှေ့မြောက်ပိုင်းက မြို့တော်တော်များများကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

ယူကရိန်းအရှေ့မြောက်ပိုင်းက Kupiansk မြို့ကို ရုရှားက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမဲ့ ယူကရိန်းက မြို့ကို လွှဲပြောင်းပေးတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် Pokrovsk မြို့ အစိတ်အပိုင်းများစွာကို သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း ရုရှားဘက်က ထုတ်ပြန်ချက်တွေကိုလည်း ယူကရိန်းက ပယ်ချခဲ့ပါတယ်။

Pokrovsk မြို့ဟာ ရုရှားရဲ့လပေါင်းများစွာ ဖိအားပေးခံနေရတဲ့ ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်ဖြစ်ပြီး ရုရှား နယ်စပ်အနီးမှာ တည်ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။




