အမေရိကန် တစ်သီးပုဂ္ဂလ သမ္မတလောင်း ရောဘတ်ကနေဒီက ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ကွန်ဖရင့်တစ်ခုမှာ Bitcoin တွေသုံးစွဲဖို့ ထောက်ခံအားပေးလိုက်ပြီး သူဟာ Bitcoin President ဖြစ်ရစေမယ့်လို ကတိပြုလိုက်ပါတယ်။

တင်နက်ဆီပြည်နယ်၊ နက်ရှ်ဗီလီမြို့မှာ ကျင်းပတဲ့ ၂၀၂၄ ခုနှစ် Bitcoin ကွန်ဖရင့်မှာ ပြောဆိုခဲ့တာပါ။

အစိုးရတွေနဲ့ တစ်စုတစ်ဖွဲ့ ချုပ်ကိုင်မှုကို ကျော်လွှားဖို့ တည်ဆောက်ထားတဲ့ Bitcoin နဲ့ ချိတ်ဆက်နိုင်ဖို့ စည်းမျဉ်းတွေ လျှော့ပေါ့ပေးမယ်လို့ အဓိကကျတဲ့ အမေရိကန်နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီကလည်း မဲဆန္ဒရှင်တွေကို ဆွဲဆောင်နေပါတယ်။

တိုကင်ဈေးနှုန်းတွေ လျှောကျပြီး ကုမ္ပဏီများစွာကို ဒေဝါလီခံစေခဲ့တဲ့ FTX နဲ့ တခြား crypto ကုမ္ပဏီတွေ ဆက်တိုက်ပြိုကျပြီးနောက် ၂၀၂၂ ခုနှစ်မှာ ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းဟာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။

အမေရိကန်ရွေးကောက်ပွဲစက်ဝန်းအတွင်း ဒစ်ဂျစ်တယ်ငွေကြေး အသုံးပြုသူတွေဟာ ကြီးထွားလာနေတဲ့ နိုင်ငံရေးအင်အားစုတစ်ခုဖြစ်လာတယ်လို့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုကို ထောက်ခံသူတွေက ပြောဆိုခဲ့ပါတယ်။
ကွန်ဖရင့်ကို တက်ရောက်လာတဲ့ နာမည်ကျော် အမေရိကန်ထောက်လှမ်းရေးကန်ထရိုက်တာဟောင်း အက်ဟဒဝပ် စနိုဒင်က ဒစ်ဂျစ်တယ်ငွေကြေးလောကမှာ နိုင်ငံရေးကိုယ်စားပြုမှု တိုးလာတာကို သတိပေးခဲ့ပါတယ်။ မဲပေးရုံပေးပြီး နိုင်ငံရေးကို မကိုးကွယ်ဖို့ စနိုဒင်က ပြောဆိုခဲ့ပါတယ်။