အပူပိုင်းမုန်တိုင်း ဝီဖာဟာ ဒီကနေ့ ဇူလိုင် ၂၂ ရက် မနက်အစောပိုင်းက ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းရိုးတန်း ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဝီဖာဝင်ရောက်မှုကြောင့် မိုးရေချိန် ၅၀ စင်တီမီတာ (၂၀ လက်မ)အထိ ရွာသွန်းနိုင်တယ်လို့ ပြည်နယ်မိုးလေဝသ အေဂျင်စီက ခန့်မှန်းထားပါတယ်။ ဒီကနေ့ မနက် ၆ နာရီအချိန်က မုန်တိုင်းဟာ ဟိုင်ဖန်မြို့ ကမ်းရိုးတန်းကနေ ကီလိုမီတာ ၆၀ အကွာမှာ လေတိုက်နှုန်း တစ်နာရီ ၁၀၂ ကီလိုမီတာ(၆၃ မိုင်)အထိ တိုက်ခတ်ခဲ့ပြီး အနောက် တောင်ဘက်ကို တစ်နာရီ ၁၅ ကီလိုမီတာနှုန်းနဲ့ ရွေ့လျားခဲ့တယ်လို့ အမျိုးသားမိုးလေဝသအေဂျင်စီက ထုတ်ပြန် ထားပါတယ်။

အပူပိုင်းမုန်တိုင်း ဝီဖာ ဟာ Hung Yen နဲ့ Ninh Binh ပြည်နယ်တွေမှာ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက် ပြိုကွဲပြီးနောက် ဒီကနေ့ အင်္ဂါနေ့ ညဘက်မှာ ဝီဖာက လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားဖွယ် ရှိတယ်လို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အချက်အချာကျတဲ့ ဆိပ်ကမ်းတွေတည်ရှိရာ စက်မှုအခြေစိုက်စခန်း ဖြစ်တဲ့ Haiphong မြို့မှာလည်း ဒီကနေ့ မနက်ပိုင်းမှာ လေပြင်းတိုက်တာတွေနဲ့ မိုးအသင့်အတင့် ရွာသွန်းခဲ့တာ တွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။