ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က သူ့လက်ထက်မှာ ပနာမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်း မယ်လို့ ပြောဆိုလာတာကို AP သတင်းမှာ ဖော်ပြထားပါတယ်။

သမ္မတ ဂျင်မီကာတာလက်ထက် ၁၉၇၇ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ အမေရိကန်က တူးမြောင်းထိန်းချုပ်မှုကို ၁၉၉၉ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပနားမားနိုင်ငံ ကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။နိုဝင်ဘာ ၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု အရီဇီုးနားပြည်နယ်မှာပြုလုပ်တဲ့ ကွန်ဆာဗေးတစ် တက်ကြွ လှုပ်ရှားသူတွေနဲ့ တွေ့ဆုံပွဲမှာ ရီပတ်ဘလီကန်သမ္မတရဲ့မှတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

တူးမြောင်းကို ပေးခဲ့ရာမှာ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ ကျင့်ဝတ်အရရော၊ ဥပဒေအရပါ လိုက်နာရမယ့်မူတွေကို မလိုက်နာဘူးဆိုရင် ပနားမားတူးမြောင်းကို အမေရိကန်ဘက်က အငြင်းမပွားဘဲ အပြည့်အဝ ပြန်ပေးဖို့ မြန်မြန် တောင်းဆိုရပါလိမ့်မယ်”လို့ ထရမ့်က ပြောခဲ့တာပါ။စီးပွားရေး ထွန်းကားလာစေဖို့အတွက် အမေရိကန် နယ်နိမိတ်တွေကို တံဆိပ်ခတ်ကာ အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းအရေးတွေကိုလည်း အမြန်ဖြေရှင်းပေးမယ်လို့ ကတိပြုခဲ့ပါတယ်။