ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားစစ်တပ်မှာ တပ်ဖွဲ့၀င် နောက်ထပ် (၁၈၀၀၀၀) တိုးမြှင့်သွားဖို့ တနင်္လာနေ့ မှာ ညွှန်ကြားလိုက်ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ စတင်ခဲ့တဲ့ ယူကရိန်းအရေးနောက်ပိုင်း တတိယ မြောက် တပ်ဖွဲ့ဝင်အင်အား တိုးချဲ့မှုလည်း ဖြစ်လာမှာပါ။

အခု ထပ်မံ တိုးမြှင့်မဲ့အင်အားနဲ့ပါဆိုရင် ရုရှား စစ်တပ် တစ်ခုလုံးရဲ့ တပ်ဖွဲ့ဝင်အင်အားဟာ ၂ ဒသမ ၄ သန်းနီးပါးထိ ရှိလာမှာဖြစ်တယ်လို့ ကရင်မလင်က ထုတ်ပြန်တဲ့ အမိန့်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။
တပ်ဖွဲ့ဝင်အသစ် ခေါ်ယူမှုကို လာမဲ့ ဒီဇင်ဘာလထဲမှာ စတင်သွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လက ယူကရိန်းနိုင်ငံက ရုရှားတောင်ပိုင်း နယ်ခြားဒေသထဲကို လျှပ်တစ်ပြက် ဖောက်ဝင်တိုက်ခိုက်ခဲ့တဲ့နောက်မှာ အခု တပ်အင်အား တိုးချဲ့တဲ့ အမိန့်ဒီကရီ ထွက်ပေါ်လာတာပါ။
၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ ပူတင်ဟာ စစ်ဘက် အရန်တပ်ဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းအမိန့်နဲ့ ဆင့်ခေါ် စုရုံးမှုအပြင် တိုက်ပွဲဝင် တပ်အင်အားကို နှစ်ကြိမ်တိုးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။