ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားကို လောင်စာဆီတင်ပို့မှု ပိတ်ဆို့ဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံအကြား တိုက်ပွဲတွေဟာ အငြင်းပွားနေတဲ့ နယ်စပ် ကမ်းရိုး တန်းဒေသတွေကို အပူတပြင်း ပျံ့နှံ့နေတာလည်း ဖြစ်ပါတယ်။

ထိုင်းစစ်တပ်တပ်ဟာ လက်ရှိ ကမ္ဘောဒီးယား ကို လောင်စာဆီတင်ပို့မှု ပိတ်ဆို့ဖို့ ဆွေးနွေးနေကြပြီး မဟာဗျူဟာမြောက် ထောက်ပံ့ရေးပစ္စည်းတွေ သယ် ဆောင်လာတဲ့ သင်္ဘောတွေကို “ သတိထားဖို့လည်း “ အမိန့်ပေးထားပါတယ်။
ဒေါ်နယ်ထရမ့် ကတိပြုထားတဲ့ ဖုန်းခေါ်ဆိုမှုကနေ အရှေ့တောင်အာရှနိုင်ငံနှစ်ခုကြား ပဋိပက္ခကို ထပ်မံအဆုံးသတ်နိုင်မယ်လို့ ယုံကြည်ရကြောင်း ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၀ ရက်ကလည်း ၅၀၈ မိုင် ရှည်လျားတဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် နေရာပေါင်း ဆယ်ဂဏန်းကျော်မှာ ပြင်းထန်တဲ့ တိုက်ပွဲအချို့နဲ့ ကြုံတွေ့ ခဲ့ရတယ်လို့ သိရပါတယ်။




