RIT U70 (မြန်မာသံစဉ်သီချင်း မြတ်နိုးသူများ) အဖွဲ့ရဲ့ (၅)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများ ပူဇော် ကန် တော့ပွဲကိုတော့ လာမယ့် နှစ်စပိုင်းမှာ ကျင်းပပြုလုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်ဖေက ပြောပါတယ်။

စက်တင်ဘာ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ဧရာမင်္ဂလာခန်းမမှာ ကျင်းပတဲ့ ဦးမြင့်ဖေရဲ့ အသက် ၇၇ နှစ်ပြည့် မွေးနေ့ပွဲမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ၊၊သက်ကြီးဂီတပညာရှင်ကြီးများပူဇော်ပွဲမှာတော့ သက်ကြီး ဂီတပညာရှင် အယောက် (၇၀) လောက်ကို ကန်တော့ဖို့ ရည် ရွယ်ထားပြီး အလှူငွေတွေ ထည့်ဝင်လှူဒါန်းနိုင်တယ်လို့ ဦးမြင့်ဖေက ပြောပါတယ်၊၊

အလှူငွေတွေကိုထည့်ဝင်လှူဒါန်းချင်ရင်တော့ RIT U70 (မြန်မာသံစဉ်သီချင်း မြတ်နိုးသူများ) အဖွဲ့ကိုဆက်သွယ်ပြီး လှူဒါန်းနိုင်တယ်လို့ သိရပါတယ်၊၊RIT U70 (မြန်မာသံစဉ်သီချင်းမြတ်နိုးသူများ) အဖွဲ့ဟာ အသက် (၇၀) ဝန်းကျင် မြန်မာသံစဉ် တေးသီချင်း ချစ်မြတ်နိုးသူ RIT ကျောင်းသား၊ ကျောင်းသူဟောင်း ဝါသနာရှင်တွေက ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။



