သန်လျင်မြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးပိုင် မြေ ၁၀ ဧကပေါ်မှာ ရုပ်ရှင်လောကသားတွေအတွက် အိမ်ရာနဲ့ စတူဒီယိုတွေဖော်ဆောင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တွဲဖက် အတွင်းရေးမှူး-၃ အကယ်ဒမီချမ်းသာကြည်စိုးက One News ကို ပြောပါတယ်။
လက်ရှိမှာ မြေ ၁၀ ဧကပေါ်မှာ အိမ်ရာနဲ့ စတူဒီယိုတွေ ဖော်ဆောင်ဖို့အတွက် လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးတိုင်ပင် နေပြီး အမြန်ဆုံးဖော်ဆောင်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်၊၊
အိမ်ရာတွေ ဖော်ဆောင်ရာမှာ တန်းဖိုးနည်းအိမ်ရာတွေကို ဦးစီးပေးတည်ဆောက်ဖို့ ဆောင်ရွက်နေသလို တန်ဖိုး မြင့်အိမ်ရာတွေကိုလည်း ဖော်ဆောင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ အကယ်ဒမီချမ်းသာကြည်စိုးက ပြောပါတယ်၊၊
အခုလို အိမ်ရာတွေ ဖော်ဆောင်ဖို့ လုပ်ဆောင်တာဟာ အမှန်တကယ် နေထိုင်ဖို့ အခက်အခဲဖြစ်နေတဲ့ ရုပ်ရှင်လောက သားတွေအတွက်ဖြစ်ပြီး အိမ်ရာတွေကို ပြန်လည်ရောင်းချတာတွေ မပြုလုပ်အောင် စည်းမျဉ်းစည်းကမ်းတွေကိုလည်း ချမှတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊