တင်းနစ် • 1 min read
သတင်း

၂၀၂၇ ဩစတြေးလျအိုးပင်းကို ဆင်နာ လွဲချော်မည်

One News

Nov 26, 2026

၂၀၂၇ ဩစတြေးလျအိုးပင်းကို ဆင်နာ လွဲချော်မည်
0 Shares
10 Views

 

ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ ကမ္ဘာ့အဆင့် ၂ အီတလီတင်းနစ်သမား ဆင်နာဟာ ၂၀၂၇ ခုနှစ် ဇန်နဝါရီ လမှာ ကျင်းပမယ့် ဩစတြေးလျအိုးပင်းပြိုင်ပွဲကို လွဲချော်မှာ ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးက ကြာသပတေးနေ့ မနက်ပိုင်းမှာ အတည်ပြုလိုက်ပါတယ်။

ဆင်နာဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဒူးဒဏ်ရာကို အသေးစားခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး ၄ လလောက် အနားယူရနိုင်တယ် လို့ ခန့်မှန်းထားကြတာကြောင့် ဩစတြေးလျအိုးပင်းကို လွဲချော်ရဖို့က သေချာသွားခဲ့တာပါ။အသက် ၂၅ နှစ်အရွယ် ဆင်နာဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ကစားသမားဘဝ ၅ ခုမြောက် ဂရင်းစလမ် ချန်ပီယံဆု အဖြစ် ဝင်ဘယ်ဒန်ပြိုင်ပွဲ ချန်ပီယံဆုကို ရယူခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့ရတာ ဖြစ်ပါတယ်။

ဆင်နာရဲ့အဖွဲ့နဲ့ အမြဲတမ်း အဆက်အသွယ်ရှိသလို ပြီးခဲ့တဲ့ရက်ပိုင်းက အသေးစား ခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့ရတာ ကြောင့် လာမယ့်နှစ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ပါဘူးလို့ ဩစတြေးလျ အိုးပင်းပြိုင်ပွဲ ကျင်းပရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ် ဩစတြေးလျအိုးပင်းပြိုင်ပွဲတွေမှာ ချန်ပီယံဆု ရယူထားနိုင်ခဲ့တဲ့ ဆင်နာဟာ အခုနှစ် ပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်အဆင့်မှာ ဂျိုကိုဗစ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရတာ ဖြစ်ပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
တင်းနစ်
သတင်း

ATP ဖိုင်နယ် ချန်ပီယံဆုကို အယ်ကာရက်ဇ် ပထမဆုံးအကြိမ်ရရှိ

One News

Nov 23, 2026 24

တနင်္ဂနွေညက ယှဉ်ပြိုင်ခဲ့တဲ့ ရာသီပိတ် ATP ဖိုင်နယ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် ၃ စပိန် တင်းနစ် သမား အယ်ကာရက်ဇ်က ကမ္ဘာ့အဆင့် ၁ ဂျာမနီနိုင်ငံသား ဗီရက်ဗ်ကို အနိုင်ရခဲ့ပြီး ကစားသမား ဘဝ ပထမဆုံး ATP ဖိုင်နယ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။