ATP ဖိုင်နယ် ချန်ပီယံဆုကို အယ်ကာရက်ဇ် ပထမဆုံးအကြိမ်ရရှိ
One News
Nov 23, 2026
တနင်္ဂနွေညက ယှဉ်ပြိုင်ခဲ့တဲ့ ရာသီပိတ် ATP ဖိုင်နယ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် ၃ စပိန် တင်းနစ် သမား အယ်ကာရက်ဇ်က ကမ္ဘာ့အဆင့် ၁ ဂျာမနီနိုင်ငံသား ဗီရက်ဗ်ကို အနိုင်ရခဲ့ပြီး ကစားသမား ဘဝ ပထမဆုံး ATP ဖိုင်နယ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
အခုနှစ်ရဲ့ အကောင်းဆုံး တင်းနစ်သမား ၈ ယောက်သာဝင်ပြိုင်ခွင့်ရတဲ့ ATP ဖိုင်နယ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်က အကြိတ်အနယ်ရှိခဲ့သလို စိတ်လှုပ်ရှားစရာလည်း ကောင်းခဲ့ပါတယ်။ ဗီရက်ဗ်ရော အယ်ကာရက်ဇ်ပါ သူတို့မှာရှိကြတဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးချပြီး အနိုင်ရဖို့ ကြိုးစားခဲ့ ကြတာဖြစ်လို့ ပရိသတ်တွေအတွက်လည်း သဘောကျစရာ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။
ဗိုလ်လုပွဲအပြီးမှာတော့ အယ်ကာရက်ဇ်က (၆း၂၊၇း၆)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ATP ဖိုင်နယ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ပထမဆုံးအကြိမ်ရရှိသွားပါတယ်။ လက်ကောက်ဝတ် ဒဏ်ရာကြောင့် ၄ လကျော်ကြာ အနားယူခဲ့ရပြီး ဩဂုတ်လကမှ ပြန်ကစားနိုင်ခဲ့တဲ့ အယ်ကာရက်ဇ် အတွက်တော့ ၁၄ ပွဲဆက် အနိုင်ရမှုဖြစ်ပြီး ရာသီပိတ်ကာလကို ပဲရစ်၊ဗီယင်နာ၊ ATP ဖိုင်နယ် ချန်ပီယံဆု ၃ ခုနဲ့ ပိတ်သိမ်း နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ယူအက်စ်အိုးပင်း ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အယ်ကာရက်ဇ်က ၂၂ ပွဲနိုင် ၁ ပွဲရှုံး မှတ်တမ်းရထားသလို ချန်ပီယံဆု ၄ ခုအထိ ရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE