ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၌ တန်ဆောင်တိုင်ဈေးရောင်းပွဲတော် ကျင်းပမည်
One News
Nov 17, 2026
ရန်ကုန်တိရစ္ဆာန်ဥယျာဥ်မှာ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကို ၄ ရက်ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဥ်ကနေ သိရပါတယ်။အဲဒီ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၄ ရက်အထိ ၄ ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး တန်ဆောင်တိုင်ကာလမှာ မိသားစု၊ သူငယ် ချင်းတွေနဲ့အတူ ပျော်ရွှင်စရာ အမှတ်တရတွေ ဖန်တီးနိုင်ဖို့အတွက် အခုလို ကျင်းပပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ပွဲတော်ရက်တွေအတွင်းမှာ အစားအသောက်မျိုးစုံနဲ့အရောင်းဆိုင်တွေ၊ ပျော်ရွှင်စရာတေးသံသာတွေနဲ့ ဖျော်ဖြေ တင်ဆက်မှုတွေ၊ မြန်မာ့ရိုးရာအကအလှတွေနဲ့ အမှတ်တရဓာတ်ပုံလှလှလေးတွေ ရိုက်ကူးနိုင်မယ့် အစီအစဉ်တွေ အပါအဝင် တခြားအစီအစဉ်များစွာကိုလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ကျွန်န်ုပ်နှင့်တရုတ်နိုင်ငံခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပထမဆုံးအကြိမ် ကျင်းပ
One News
Nov 28, 2026 12ကျွန်န်ုပ်နှင့်တရုတ်နိုင်ငံခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်-တရုတ်ယဉ်ကျေးမှုစင် တာ မှာနိုဝင်ဘာလ ၂၇ ရက်၊ ညနေပိုင်းကကျင်းပခဲ့ပါတယ်။ဒီဆွေးနွေးပွဲကို ကျင်းပရတာဟာ တရုတ်နိုင်ငံနဲ့ အမှတ်တရရှိခဲ့တဲ့အကြောင်းတွေကို မျှဝေပေးဖို့ ပြုလုပ်ပေးတာ ဖြစ်ပြီးအဲဒီကတစ်ဆင့် တရုတ်-မြန်မာချစ်ကြည်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးတွေအတွက်လည်း များစွာအထောက် အကူပြုမယ်လို့ ယုံကြည်တဲ့အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။