သေဆုံးနိုင်ခြေ ၄၁ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည့် သွေးကင်ဆာကာကွယ်ဆေးအသစ် စမ်းသပ်မှုအောင်မြင်
One News
Nov 22, 2026
သွေးကင်ဆာတစ်မျိုးဖြစ်တဲ့ Acute Myeloid Leukemia (AML) လူနာတွေအတွက် စမ်းသပ်ထုတ်လုပ်နေတဲ့ ကင်ဆာကုသဆေးအသစ်တစ်မျိုးဟာ လက်တွေ့စမ်းသပ်မှုအဆင့် ၃ (Phase 3 Clinical Trial) မှာ သေဆုံးနိုင်ခြေကို ၄၁ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့တယ်လို့ AP သတင်းမှာဖော်ပြပါတယ်။
အဲဒီဆေးရဲ့နာမည်ကတော့ Galinpepimut-S (GPS) ဖြစ်ပါတယ်။ဒီဆေးဟာ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုလေ့ကျင့်ပေးပြီး သွေးကင်ဆာဆဲလ်တွေမှာ ပုံမှန်ထက်ပိုမိုများပြားစွာတွေ့ရလေ့ရှိတဲ့ WT1 လို့ခေါ်တဲ့ ပရိုတင်းကိုမှတ်မိစေဖို့ ရည်ရွယ်ထားတာပါ။ပုံမှန်ကာကွယ်ဆေးတွေဟာ ရောဂါပိုးမကူးစက်အောင် ကြိုတင်ကာကွယ်ပေးတာဖြစ်ပေမယ့် အခုစမ်းသပ်နေတဲ့ ကင်ဆာကုသကာကွယ်ဆေး (Therapeutic Cancer Vaccine) တွေကတော့ ဖြစ်ပွားနေပြီးသားကင်ဆာရောဂါကို ကိုယ်ခံအားစနစ်ကနေ တိုက်ဖျက်နိုင်အောင် ကူညီပေးတာ ဖြစ်ပါတယ်။
ဒီတွေ့ရှိချက်ဟာ ကုသမှုရွေးချယ်စရာ နည်းပါးနေတဲ့ သွေးကင်ဆာလူနာတွေအတွက် မျှော်လင့်ချက်အသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ လက်ရှိရလဒ်တွေဟာ ကုမ္ပဏီဘက်က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာဖြစ်ပြီး သိပ္ပံပညာရှင်တွေက လွတ်လပ်စွာ စိစစ်သုံးသပ်တဲ့ Peer Review လုပ်ငန်းစဉ်ကို မဖြတ်သန်းရသေးပါဘူး။ ဒါ့အပြင် ဒီဆေးဟာ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိနေပါသေးတယ်။အဲဒီဆေးကိုထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ SELLAS ကတော့ ၂၀၂၇ ခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန် FDA ထံ ဆေးဝါးအသုံးပြုခွင့် လျှောက်ထားဖို့ ရည်မှန်းထားတယ်လို့သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
မန္တလေး၌ အဆောက်အအုံဖြိုရာမှ ထိခိုက်၍ တစ်ဦး သေဆုံး
One News
Nov 17, 2026 26မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၆ လမ်း၊ ၃၂ လမ်း နဲ့ ၃၃ လမ်း ကြားရှိ ပညာရေး ကောလိပ်အတွင်း နိုဝင်ဘာ လ ၁၇ ရက်၊ မနက်ပိုင်းက ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ နှစ်ထပ် အဆောက်အအုံကို ဖြိုဖျက် စဉ် ပြိုကျမှု ဖြစ်ပွားရာ ထိခိုက်မိလို့် ဆောက်လုပ်ရေး အလုပ်သမား တစ်ယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာ ရခဲ့တယ်လို့ မဏီစလ လူမှု/နာမှု ကူညီ ရေးအသင်းက တာဝန်ရှိသူ တစ်ယောက်က One News ကို ပြောပါတယ်။