ကုသမှု • 1 min read
သတင်း

မန္တလေး၌ အဆောက်အအုံဖြိုရာမှ ထိခိုက်၍ တစ်ဦး သေဆုံး

One News

Nov 17, 2026

မန္တလေး၌ အဆောက်အအုံဖြိုရာမှ ထိခိုက်၍ တစ်ဦး သေဆုံး
0 Shares
9 Views

 

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၆ လမ်း၊ ၃၂ လမ်း နဲ့ ၃၃ လမ်း ကြားရှိ ပညာရေး ကောလိပ်အတွင်း နိုဝင်ဘာ လ ၁၇ ရက်၊ မနက်ပိုင်းက ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ နှစ်ထပ် အဆောက်အအုံကို ဖြိုဖျက် စဉ် ပြိုကျမှု ဖြစ်ပွားရာ ထိခိုက်မိလို့် ဆောက်လုပ်ရေး အလုပ်သမား တစ်ယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာ ရခဲ့တယ်လို့ မဏီစလ လူမှု/နာမှု ကူညီ ရေးအသင်းက တာဝန်ရှိသူ တစ်ယောက်က One News ကို ပြောပါတယ်။

ပညာရေးကောလိပ်အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ နှစ်ထပ်အဆောက်အအုံကို အသစ်ပြန် လည် တည်ဆောက်ဖို့ ဖြိုဖျက်နေစဉ် ဆောက်လုပ်ရေး အလုပ်သမား ငါးယောက် ပိမိမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဆောက်အအုံ ပြိုကျမှုကြောင့် ပိမိခဲ့တဲ့ ဆောက်လုပ်ရေး အလုပ်သမား ငါးယောက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကယ်ထုတ်ပြီးနောက် မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာ အလုပ်သမား တစ် ယောက်ဟာ ဆေးရုံအရောက်မှာ သေဆုံးခဲ့ကာ ကျန်တဲ့ လေးယောက်ကတော့ ဆေးကုသမှု ခံယူနေ တယ်လို့  မဏီစလ လူမှု/နာမှု ကူညီ ရေးအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ကုသမှု
သတင်း

ဆီးချိုသွေးချို ကနဦးအဆင့်ဖြစ်ပွားသူ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိ

One News

Nov 17, 2026 8

မြန်မာနိုင်ငံမှာ မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်ပွားနိုင်ခြေတွေကို လေ့လာတဲ့သုတေသန STEPS Survey (၂၀၂၄) အရ ဆီးချိုသွေးချိုရောဂါရှိသူဟာ ၇ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဆီးချိုသွေးချို ကနဦးအဆင့် ဖြစ်ပွားနေသူ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိရာ ဆီးချိုသွေးချိုရောဂါဟာ အရွယ်မတိုင်မီ သေဆုံးမှုဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောပါတယ်။