ကုသမှု • 1 min read
သတင်း

ဆီးချိုသွေးချို ကနဦးအဆင့်ဖြစ်ပွားသူ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိ

One News

Nov 17, 2026

ဆီးချိုသွေးချို ကနဦးအဆင့်ဖြစ်ပွားသူ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိ
0 Shares
9 Views

 

မြန်မာနိုင်ငံမှာ မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်ပွားနိုင်ခြေတွေကို လေ့လာတဲ့သုတေသန STEPS Survey (၂၀၂၄) အရ ဆီးချိုသွေးချိုရောဂါရှိသူဟာ ၇ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဆီးချိုသွေးချို ကနဦးအဆင့် ဖြစ်ပွားနေသူ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိရာ ဆီးချိုသွေးချိုရောဂါဟာ အရွယ်မတိုင်မီ သေဆုံးမှုဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောပါတယ်။

နိုဝင်ဘာလ ၁၆ ရက်၊ မနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)ရှိ အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းက အခုလို ပြောကြားခဲ့တာပါ။ဆီးချိုသွေးချိုရောဂါဟာ ရောဂါလက္ခဏာတွေ ထင်ရှားစွာမပြဘဲ တိတ်တဆိတ်ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုး ဖြစ်တာကြောင့် အချိန်မီမစစ်ဆေးရင် ကျောက်ကပ်ပျက်စီးတာ၊ နှလုံးရောဂါ၊ လေဖြတ်တာနဲ့ မျက်စိကွယ်တာတို့ အပြင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကို ရင်ဆိုင်ရနိုင်တယ်လို့လည်း ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆီးချိုသွေးချိုရောဂါတွေအပါအဝင် တခြားမကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ရေးအတွက် မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာ(၂၀၂၃-၂၀၂၇)ကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့လည်း ကျေးလက်ကျန်းမာရေးဌာနနဲ့ ဌာနခွဲတွေမှာ မကူးစက်နိုင်တဲ့ ရောဂါတွေကို စစ်ဆေးကုသပေးတဲ့ ဆေးခန်းတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်ပြီး စစ်ဆေးကုသပေး နေတယ်လို့ ပြောပါတယ်။

ကုသမှုအတွက် လိုအပ်တဲ့ အခြေခံဆေးဝါးနဲ့ ဆေးပစ္စည်းတွေကိုလည်း နိုင်ငံတော်က ကျပ်သန်းပေါင်း များစွာ အကုန်အကျခံ ဝယ်ယူပြီး ပြည်သူတွေကို အခမဲ့ဖြန့်ဝေပေးနေသလို ထိရောက်တဲ့ စစ်ဆေးကုသမှုတွေပေးဖို့ အတွက် အခြေခံကျန်းမာရေးဝန်ထမ်းတွေကို စွမ်းဆောင်ရည်မြှင့်သင်တန်းတွေပေးတာအပြင် ပြည်သူ့ဆေးရုံ တွေမှာ အထူးကုဆရာဝန်ကြီးတွေ ဦးဆောင်ကာ စဉ်ဆက်မပြတ် အစဉ်တစိုက် လိုအပ်တဲ့ကုသမှုတွေ ဆောင်ရွက် ပေးနေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ကုသမှု
သတင်း

မန္တလေး၌ အဆောက်အအုံဖြိုရာမှ ထိခိုက်၍ တစ်ဦး သေဆုံး

One News

Nov 17, 2026 9

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၆ လမ်း၊ ၃၂ လမ်း နဲ့ ၃၃ လမ်း ကြားရှိ ပညာရေး ကောလိပ်အတွင်း နိုဝင်ဘာ လ ၁၇ ရက်၊ မနက်ပိုင်းက ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ နှစ်ထပ် အဆောက်အအုံကို ဖြိုဖျက် စဉ် ပြိုကျမှု ဖြစ်ပွားရာ ထိခိုက်မိလို့် ဆောက်လုပ်ရေး အလုပ်သမား တစ်ယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာ ရခဲ့တယ်လို့ မဏီစလ လူမှု/နာမှု ကူညီ ရေးအသင်းက တာဝန်ရှိသူ တစ်ယောက်က One News ကို ပြောပါတယ်။