ကုန်သွယ်ရေး • 1 min read
သတင်း

ဒေသတွင်းနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးခဲ့

One News

Nov 28, 2026

ဒေသတွင်းနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးခဲ့
0 Shares
12 Views

 

မြန်မာနဲ့ လာအို နှစ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေအကြား ချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နဲ့ မိတ်ဖက်ဆက်ဆံရေးတွေ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ လာအိုနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆလုံဆေးကိုမာဆစ် တို့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

(၁၁)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်ခ်မက်) ထိပ်သီးအစည်းအဝေးနဲ့ (၁၂)ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက် မှု(CLMV)ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့အတွက် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်း မြို့မှာရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ဟာ နိုဝင်ဘာလ ၂၈ ရက်၊ ညနေပိုင်းမှာ လာအိုနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆလုံဆေးကိုမာဆစ်နဲ့ တွေ့ဆုံရာမှာ အခုလိုထည့်သွင်းဆွေးနွေးခဲ့ ကြတာဖြစ်တယ်လို့ သိရပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ကုန်သွယ်ရေး
သတင်း

ကျန်ရှိ MSME လုပ်ငန်းများကို မှတ်ပုံတင်ပေးနိုင်ရေး ဆောင်ရွက်ရန် ပြော

One News

Nov 27, 2026 16

နိုင်ငံတစ်နံတစ်လျားမှာ ပြန့်ကျဲနေတဲ့ စီးပွားရေးလုပ်ငန်း မြောက်မြားစွာရှိနိုင်သေးတဲ့အတွက် ကျန်ရှိ နေတဲ့ MSME တွေကိုလည်း ဥပဒေနဲ့အညီ မှတ်ပုံတင်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားကြရမှာဖြစ်တယ် လို့ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောပါတယ်။