ကုန်သွယ်ရေး • 1 min read
သတင်း

ကျန်ရှိ MSME လုပ်ငန်းများကို မှတ်ပုံတင်ပေးနိုင်ရေး ဆောင်ရွက်ရန် ပြော

One News

Nov 27, 2026

ကျန်ရှိ MSME လုပ်ငန်းများကို မှတ်ပုံတင်ပေးနိုင်ရေး ဆောင်ရွက်ရန် ပြော
0 Shares
16 Views

 

နိုင်ငံတစ်နံတစ်လျားမှာ ပြန့်ကျဲနေတဲ့ စီးပွားရေးလုပ်ငန်း မြောက်မြားစွာရှိနိုင်သေးတဲ့အတွက် ကျန်ရှိ နေတဲ့ MSME တွေကိုလည်း ဥပဒေနဲ့အညီ မှတ်ပုံတင်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားကြရမှာဖြစ်တယ် လို့ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောပါတယ်။

နိုဝင်ဘာလ ၂၆ ရက်က နေပြည်တော်ရှိ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ MSME ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေကို ပိုမိုထိရောက်ကျယ်ပြန့်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် MSME လုပ်ငန်းကော်မတီရဲ့ လုပ်ငန်းတာဝန်တွေနဲ့ မူဝါဒတွေကို လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ဖို့နဲ့  အထောက်အကူပြုအဖွဲ့(၃)ဖွဲ့တို့အကြား ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းစေရေး ညှိနှိုင်း အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။

MSME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာမှာ လုပ်ငန်းအရွယ်အစားနဲ့ အမျိုးအစားအလိုက် အသိအမှတ် ပြုပေးတဲ့ MSME မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး MSME တွေ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုတွေကို ပြည်တွင်းရှိ MSME တွေအနေနဲ့ တစ်ပြေးညီ ခံစားခွင့် ရရှိကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် MSME ထုတ်ကုန်တွေရဲ့ အရည်အသွေး မြှင့်တင်ရေး၊ ဈေးကွက်ချဲ့ထွင်ရေးနဲ့ ခေတ်နဲ့အညီ Digital စီးပွားရေးစနစ်ကို ကူးပြောင်းနိုင်ရေးအတွက်လည်း E-Market Place For Myanmar Products Platform ကို ထိရောက်စွာ အသုံးချနိုင်ရေးနဲ့ MSME လုပ်ငန်ရှင်တွေ ပိုမိုအဆင်ပြေချောမွေ့စွာ ပါဝင် အသုံးပြုနိုင်ဖို့အတွက် အဆင့်မြှင့်တင်တာတွေကိုလည်း ဆောင်ရွက်ပေးသွားကြရမှာ ဖြစ်တယ်လို့ ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောကြားခဲ့ပါတယ်။

 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ကုန်သွယ်ရေး
သတင်း

ဒေသတွင်းနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးခဲ့

One News

Nov 28, 2026 12

မြန်မာနဲ့ လာအို နှစ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေအကြား ချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နဲ့ မိတ်ဖက်ဆက်ဆံရေးတွေ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ လာအိုနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆလုံဆေးကိုမာဆစ် တို့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။