ဈေးကွက် • 1 min read
သတင်း

DAP ဓာတ်မြေသြဇာအား ဖြန့်ဖြူးဈေးယှဉ်ပြိုင်စနစ်ဖြင့် တင်သွင်းမည်

One News

Nov 20, 2026

DAP ဓာတ်မြေသြဇာအား ဖြန့်ဖြူးဈေးယှဉ်ပြိုင်စနစ်ဖြင့် တင်သွင်းမည်
0 Shares
17 Views

 

DAP အခြေခံ ၁၅ ပတ်လည် ကွန်ပေါင်းဓာတ်မြေသြဇာတွေကို တင်သွင်းနိုင်ဖို့အတွက် ဖြန့်ဖြူးဈေးနှုန်း ယှဉ်ပြိုင် စနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ပါတယ်။

ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီရဲ့ လမ်းညွှန်မှုနဲ့ အရည်အသွေးပြည့်ဝပြီး ဈေးနှုန်းမှန်ကန်တဲ့ DAP အခြေခံ ၁၅ ပတ်လည် ကွန်ပေါင်းဓာတ်မြေသြဇာတွေကို တင်သွင်းနိုင်ဖို့ ဖြန့်ဖြူးဈေးနှုန်း ယှဉ်ပြိုင်စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီကွန်ပေါင်းဓာတ်မြေသြဇာတွေ တင်သွင်းနိုင်ဖို့အတွက် မြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုး ရေးဆေးလုပ်ငန်းရှင်များ အသင်းက ဒီဇင်ဘာလအတွက် ဖြန့်ဖြူးဈေးနှုန်းယှဉ်ပြိုင်စနစ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်  ဖြန့်ဖြူးဈေးနှုန်း ယှဉ်ပြိုင်စနစ်နဲ့ DAP အခြေခံ ၁၅ ပတ်လည် ကွန်ပေါင်းဓာတ် မြေသြဇာတွေတင်သွင်း လိုတဲ့ အသင်းဝင်ကုမ္ပဏီတွေအနေနဲ့ ဦးဆောင်ကော်မတီနဲ့ အသင်းတို့ကို နိုဝင်ဘာလ ၂၆ ရက်ထက် နောက်မကျ စေဘဲ ဆက်သွယ်လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။အခု နိုဝင်ဘာလအတွက် ယူရီးယားမြေဩဇာ အလုံးကြီး ၅၀ ကီလိုတစ်အိတ်ရဲ့ ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးကို ၁၂၄,၆၀၀ ကျပ် နဲ့ DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၁၅၀,၀၀၀ သတ်မှတ်ထားပါတယ်။

 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဈေးကွက်
သတင်း

ကြက်သွန်နီလက်ကားဈေး အနည်းငယ် ပြန်ကျ

One News

Nov 20, 2026 13

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်ရဲ့ နိုဝင်ဘာလ ၂၀ ရက်မှာ ဖြစ်ပေါ်နေတဲ့ဈေးနှုန်းတွေအရ ကြက်သွန်နီ ဈေးနှုန်းတွေဟာ အမျိုးအစားအလိုက် အနည်းငယ်စီ ပြန်လည်ကျဆင်းလာတာကို တွေ့ရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်က ဆိပ်ဖြူကြက်သွန်နီ လက်ကားတစ်ပိဿာကို အနည်းဆုံးကျပ် ၁၂၀၀၀ ကနေ အများဆုံး ကျပ် ၁၆၀၀၀ အထိရှိခဲ့ရာကနေ နိုဝင်ဘာလ ၂၀ ရက်မှာတော့ တစ်ပိဿာကို အနည်းဆုံး ကျပ် ၁၀၀၀၀ ကနေ အများဆုံး ကျပ် ၁၄၀၀၀ အထိ ရှိနေပြီး တစ်ပိဿာအပေါ် ၂၀၀၀ ကျပ်ဝန်းကျင် ပြန်လည်ကျ ဆင်းလာပါ တယ်။