ဈေးကွက် • 1 min read
သတင်း

တရုတ်သို့ ထောပတ်သီးတင်ပို့ရန် စာချုပ်မူကြမ်းဒုတိယပိုင်း လက်မှတ်ရေးထိုး

One News

Nov 23, 2026

တရုတ်သို့ ထောပတ်သီးတင်ပို့ရန် စာချုပ်မူကြမ်းဒုတိယပိုင်း လက်မှတ်ရေးထိုး
0 Shares
24 Views

 

တရုတ်နိုင်ငံကို မြန်မာ့ထောပတ်သီး တရားဝင်တင်ပို့နိုင်ဖို့အတွက် လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်နေရာ လက်ရှိမှာ ဒုတိယပိုင်းစာချုပ်မူကြမ်း လက်မှတ်ရေးထိုးထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကနေ သိရပါတယ်။

မြန်မာ့ထောပတ်သီးတွေကို တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) သတ်မှတ် ချက်တွေနဲ့အညီ  တရားဝင်စတင်တင်ပို့နိုင်ဖို့ စီစဉ်နေတာဖြစ်ပြီး လက်ရှိမှာ တရုတ်နိုင်ငံက ရှမ်းပြည်မှာရှိတဲ့ ထောပတ်ခြံနဲ့စက်ရုံတွေကို လာရောက်ကြည့်ရှုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။မြန်မာ့ထောပတ်သီးကို ထိုင်းနိုင်ငံကို တရားဝင်တင်ပို့နိုင်ဖို့ ကြိုးစားနေသလို အိန္ဒိယနိုင်ငံကိုလည်း တင်ပို့ရောင်းချနိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေတာရှိပါတယ်။ဒါကြောင့် မြန်မာ့ထောပတ်သီးတွေ ပြည်ပဈေးကွက်ပွင့်လာရင် တင်ပို့မှုကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထက် ရရှိနိုင်တယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ယောက်က ပြောထားပါတယ်။

မြန်မာ့ထောပတ်သီးက ပြည်ပမျိုးနဲ့ ပြည်တွင်းမျိုးဆိုပြီး နှစ်မျိုးရှိကာ ဒေသမျိုးဆိုရင် အမရာအသီးကို ကြိုက်နှစ် သက်ကြပြီး ပြည်ပမျိုးဆိုရင်တော့ Hass အသီးကို ကြိုက်နှစ်သက်မှုများတယ်လို့ သိရပါတယ်။ပြည်တွင်းမှာ ထောပတ်စိုက်ပျိုးထုတ်လုပ်တင်ပို့ရာမှာ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ အအေးခန်းစက်ရုံတွေ ၊ ထုပ်ပိုးစက်ရုံ တွေနဲ့ စက်ရုံပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဒီကဏ္ဍတွေမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံကြဖို့ တောင်သူတွေကလည်း အကြံပြုထားကြပါတယ်။

၂၀၂၆ ထောပတ်သီးပွဲတော်ကို တောင်ကြီးမြို့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှာ နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၅ ရက်အထိ ကျင်းပနေပြီး ပွဲတော်မှာ ထောပတ်သီး ဖျော်ရည်အဖြစ်သောက်သုံးတာအပြင် ထောပတ်သီးသုပ် ၊ ငါးပိ ရည်အတို့၊ ထောပတ်သီးပလာတာ ၊ ထောပတ်သီးအစပ်သုပ် / အဆိမ့်သုပ် အပါအဝင် ထောပတ်သီးကို စားသုံးနိုင် တဲ့ တခြားနည်းလမ်းတွေနဲ့ အရောင်းမြှင့်တင်ပြသနေတယ်လို့ သိရပါတယ်။

Tags:

Tags are not assign yet!

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဈေးကွက်
သတင်း

Coffee Expo Seoul 2027 ၌ မြန်မာကို ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် ရွေးချယ်

One News

Nov 25, 2026 8

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ COEX ပြပွဲခန်းမမှာ ၂၀၂၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်ကနေ မေလ ၁ ရက်အထိ ကျင်းပသွားမယ့် Coffee Expo Seoul 2027 မှာ မြန်မာနိုင်ငံကို တရားဝင် ဂုဏ်ထူးဆောင် ဧည့်သည်နိုင်ငံ (Official Guest Country of Honor)အဖြစ် ရွေးချယ်လိုက်တယ်လို့ ပြပွဲကျင်းပရေးအဖွဲ့က နိုဝင်ဘာလ ၁၇ ရက် မှာ ဆိုးလ်မြို့ရှိ မြန်မာသံရုံးကို တရားဝင် အကြောင်းကြားလာတယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။