မုန်တိုင်း • 1 min read
သတင်း

ဒီဇင်ဘာလအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်

One News

Nov 28, 2026

ဒီဇင်ဘာလအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်
0 Shares
12 Views

 

လာမယ့်ဒီဇင်ဘာလအတွင်းမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းနှစ် ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်ကတော့ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ နိုဝင်ဘာလ ၂၈ ရက် မနက်ပိုင်းမှာထုတ်ပြန်တဲ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီဇင်ဘာလ လပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်အရ သိရပါတယ်။

ဒါ့အပြင် မိုးရွာသွန်းမှုအခြေအနေနဲ့ပတ်သက်လို့ ထုတ်ပြန်ရာမှာလည်း တနင်္သာရီတိုင်းဒေသကြီးမှာ ရွာသွန်းမြဲ ထက်ပိုနိုင်ပြီး ကချင်ပြည်နယ်မှာ ရွာသွန်းမြဲအောက်လျော့နည်းနိုင်သလို နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့အရှေ့ပိုင်း)တို့မှာ ၇ ရက်ကနေ ၁၀ ရက်ခန့်၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ၃ ရက်ကနေ ၆ ရက်ခန့်အထိ မိုးထစ်ချုန်းရွာနိုင်တယ် လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
မုန်တိုင်း
သတင်း

လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ်သို့ ရောက်နိုင်

One News

Nov 17, 2026 60

နိုဝင်ဘာလဒုတိယဆယ်ရက်ပတ်အတွင်းမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်း ရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။