ဘုရားဖူး • 1 min read
သတင်း

မိုးညှင်းသမ္ဗုဒ္ဓေဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပြန်လည်ကျင်းပ

One News

Nov 25, 2026

မိုးညှင်းသမ္ဗုဒ္ဓေဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပြန်လည်ကျင်းပ
0 Shares
13 Views

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှာ မိုးညှင်းသမ္ဗုဒ္ဓေဘုရား ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲနဲ့ စျေးပွဲတော်ကို ကိုဗစ်ကာလ နောက်ပိုင်း ၇ နှစ်အကြာမှာ ပထမဆုံးအဖြစ် ပြန်လည်ကျင်းပခဲ့တယ်လို့ သိရပါ တယ်။
နိုဝင်ဘာလ ၂၄ ရက်၊ တန်ဆောင်မုန်းလပြည့်နေ့မှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့ပြီး ဆွမ်းဆန်စိမ်းနဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းတွေကို မုံရွာမြို့က သာမက ရပ်ဝေးဒေသတွေကပါ လာရောက် လောင်းလှူကြပါတယ်။

ဆွမ်းဆန်စိမ်း လောင်းပွဲမှာ မုံရွာမြို့နဲ့ အနီးဝန်းကျင် ကျောင်းတိုက်တွေက ပင့်သံဃာ အပါး ၁၂၀ ကို ဆွမ်းဆန် တော်၊ သင်္ကန်း၊ ထီး၊ ဖိနပ်၊ သပိတ်၊ ဝတ္ထုငွေ၊ ခေါက်ဆွဲခြောက်၊ ကြာဆံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ စတဲ့ လှူဒါန်း ဖွယ်ရာတွေကို လှူဒါန်းကြတယ်လို့ သိရပါတယ်။

ဆွမ်းဆန်စိမ်း လောင်းလှူပွဲအပြီး မီးပုံးပျံလွှတ်တင်ပွဲကို ဆက်လက်ကျင်းပရာမှာ မီးပုံးပျံကြီးကို အလှူရှင်တွေက စုပေါင်းလွှတ်တင်ခဲ့ကြပါတယ်။ ဒါ့အပြင် မိုးညှင်းသမ္ဗုဒ္ဓေဘုရား ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် စျေးပွဲတော် ကိုလည်း တန်ဆောင်မုန်းလဆန်း ၁၂ ရက်ကနေ တန်ဆောင်မုန်း လပြည့်နေ့အထိ ကျင်းပပြီး လာရောက်သူ စည်ကားများပြားတယ်လို့ သိရပါတယ်။

 

 

 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဘုရားဖူး
သတင်း

မော်လမြိုင်မြို့ဆွမ်းအိုးမျှောပွဲ ကုသိုလ်ပြုသူများဖြင့်စည်ကား

One News

Nov 24, 2026 25

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာတံတားနဲ့ လမ်းတစ်လျှောက်မှာ တန်ဆောင် မုန်းလပြည့်နေ့ နိုဝင်ဘာလ ၂၄ ရက်၊ မနက်အစောပိုင်းက (၂၄)ကြိမ်မြောက် ဆွမ်းအိုးမျှောပွဲတော်ကို ကျင်းပခဲ့ရာ လာရောက်ကုသိုလ်ပြုသူတွေနဲ့ စည်ကားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရသိရ ပါတယ်။