ရန်ကုန်-မန္တလေး DEMU ရထားအား ခဲဖြင့်ပေါက်သည့် အမျိုးသားတစ်ဦးကို ဖမ်းမိ
One News
Nov 24, 2026
အမှတ်(၃)အဆန် ရန်ကုန်-မန္တလေး DEMU ရထားကို ခဲနဲ့ပစ်ပေါက်တဲ့ အသက်(၅၈)နှစ်အရွယ် အမျိုးသားတစ်ယောက်ကို နိုဝင်ဘာလ ၂၂ရက်က ဖမ်းမိခဲ့တယ်လို့ မြန်မာ့မီးရထားရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်ကတော့ နိုဝင်ဘာလ ၂၀ ရက် ညနေ ၃နာရီ မိနစ်၄၀ခန့်မှာ အမှတ် (၃) အဆန် ရန်ကုန်-မန္တလေး DEMU ရထားဟာ ဘဲလင်းဘူတာနဲ့ စဉ့်ကိုင်ဘူတာအကြားဖြတ်သန်းနေစဉ် စက်ခေါင်းနောက် သုံးတွဲမြောက်အထက်တန်းတွဲ ကို ခဲနဲ့ပစ်ပေါက်ခံရပြီး ပြတင်းတံခါး ဘေးလေကာမှန် ကြေမွကွဲအက်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။အဲဒီဖြစ်စဉ်ကြောင့် စဉ့်ကိုင်ဘူတာအရောက်မှာ ရထားကို ၂၄မိနစ်ခန့်ရပ်တန့်စစ်ဆေးခဲ့ပြီး ခရီးသည်နဲ့ ဝန်ထမ်းထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရထားကို ခဲနဲ့ပစ်ပေါက်တဲ့ တရားခံကိုဖမ်းဆီးရမိရေး စဉ့်ကိုင်မြို့မရဲစခန်းမှာအမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ကျူးလွန်သူဖြစ်တဲ့ စဉ့်ကိုင်မြို့နယ်၊ မြို့သစ်ရပ်ကွက်မှာနေထိုင်သူ အသက်(၅၈)နှစ်အရွယ် အမျိုးသားကို နိုဝင်ဘာလ ၂၂ရက်မှာဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အခုဖမ်းမိတဲ့သူကို စဉ့်ကိုင်မြို့မရဲစခန်းမှာ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၄နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေမှာ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) အရ ရထားကိုတစ်စုံတစ်ရာနဲ့ ပစ်ပေါက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာပြုလုပ်ခြင်းတို့အတွက် ပြစ်ဒဏ်အနေနဲ့ ပုဒ်မ ၈၄ အရ အနည်းဆုံး ၅ နှစ် ကနေ နှစ် ၂၀ အထိ မပိုတဲ့ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်ကိုလည်းချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
DEMU မဟုတ်သည့် ရထားများအတွက် ခုံမဲ့လက်မှတ်များ ရောင်းချနေ
One News
Nov 21, 2026 28DEMUမဟုတ်တဲ့ ရိုးရိုး AAR ရထားနဲ့ လေအိတ်ရထားခရီးစဉ်အတွက် ခုံမဲ့လက်မှတ်တွေကို အွန်လိုင်းစနစ်နဲ့ ORTP ဝက်ဘ်ဆိုက်ကနေ နိုဝင်ဘာလ ၂၁ ရက်ကစပြီး ရောင်းချပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားက အသိပေးထုတ်ပြန်ပါတယ်။