သွားလာမှု • 1 min read
သတင်း

ရန်ကုန်-နေပြည်တော် DEMU အထူးရထား ထပ်မံတိုးချဲ့ပြေးဆွဲမည်

One News

Nov 21, 2026

ရန်ကုန်-နေပြည်တော် DEMU အထူးရထား ထပ်မံတိုးချဲ့ပြေးဆွဲမည်
0 Shares
15 Views

 

တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-နေပြည်တော် ခရီးစဉ်အတွက် Japan DEMU အထူးရထားကို နိုဝင်ဘာလ ၂၂ ရက် နဲ့ ၂၃ ရက် တို့မှာ ထပ်မံတိုးချဲ့ ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။

အခုလို ပြေးဆွဲပေးတာက ရန်ကုန်-နေပြည်တော် ခရီးသွားလာမှုတွေ အဆင်ပြေစေဖို့ ဖြစ်ပါတယ်။ခရီးစဉ် ပြေးဆွဲတဲ့အခါမှာ နိုဝင်ဘာလ ၂၂ ရက်မှာ ရန်ကုန်ဘူတာကြီးကနေ မနက် ၁၀ နာရီခွဲမှာ စတင် ထွက်ခွာပြီး နေပြည်တော်ဘူတာကို မနက် ၃ နာရီခွဲမှာ ရောက်ရှိမှာ ဖြစ်ပါတယ်။နိုဝင်ဘာလ ၂၃ ရက်မှာ နေပြည်တော်ဘူတာကနေ မနက် ၁၀ နာရီခွဲမှာ စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးကို မွန်းလွဲ ၃ နာရီခွဲမှာ ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

လမ်းခရီးမှာ တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊တောင်ငူ၊ ပျဉ်းမနား ဘူတာတွေမှာ ရပ်တန့်ပေးသွားမှာဖြစ်ပါတယ်။
ခရီးစဉ်အတွက် လက်မှတ်တွေကို ortp.railways.gov. mm မှာ နိုဝင်ဘာလ ၂၀ ရက်၊ ည ၁၂ နာရီက စတင်ပြီးဝင်ရောက်ဝယ်ယူလို့ ရနေပြီ ဖြစ်တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
သွားလာမှု
သတင်း

DEMU မဟုတ်သည့် ရထားများအတွက် ခုံမဲ့လက်မှတ်များ ရောင်းချနေ

One News

Nov 21, 2026 15

DEMUမဟုတ်တဲ့ ရိုးရိုး AAR ရထားနဲ့ လေအိတ်ရထားခရီးစဉ်အတွက် ခုံမဲ့လက်မှတ်တွေကို အွန်လိုင်းစနစ်နဲ့ ORTP ဝက်ဘ်ဆိုက်ကနေ နိုဝင်ဘာလ ၂၁ ရက်ကစပြီး ရောင်းချပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားက အသိပေးထုတ်ပြန်ပါတယ်။