သွားလာမှု • 1 min read
သတင်း

တန်ဆောင်တိုင်ရုံးပိတ်ရက်အတွင်း ဆီတင်ယာဉ်များ အရန်သင့်ထားရှိ

One News

Nov 20, 2026

တန်ဆောင်တိုင်ရုံးပိတ်ရက်အတွင်း ဆီတင်ယာဉ်များ အရန်သင့်ထားရှိ
0 Shares
14 Views

 

တန်ဆောင်တိုင်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း အများပြည်သူ အဆင်ပြေစွာ ခရီးသွားလာ နိုင်ရေးအတွက် မြို့ကြီးတွေမှာ ဆီတင်ယာဉ်တွေကို အရန်သင့်ထားရှိထားတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါ တယ်။

တန်ဆောင်တိုင်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း ခရီးသွားလာမှု များပြားနိုင်တဲ့ ရန်ကုန်-ပဲခူး-နေပြည်တော်- မန္တလေး-အမြန်လမ်း၊ ရန်ကုန်-ပုသိမ်-ချောင်းသာ-ငွေဆောင်လမ်း၊ သာစည်-ကလော-အင်းလေး-တောင်ကြီးလမ်း၊ မန္တလေး-မိတ္ထီလာ-ကျောက်ပန်းတောင်း-ပုပ္ပါး-ပုဂံလမ်း၊ မန္တလေး-ပြင်ဦးလွင်လမ်းနဲ့ ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းကြောင်းတွေပေါ်မှာ စီမံဆောင်ရွက် ပေးထားတယ်လို့ ဆိုပါတယ်။အဲဒီလမ်းတွေပေါ်မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ အများပြည်သူ အဆင်ပြေချောမွေ့စွာနဲ့ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ဖို့အတွက် လိုအပ်တဲ့ စက်သုံးဆီတွေကို အမြန်ဖြည့်တင်းရောင်းချပေးနိုင်ဖို့ တစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီတွေ ပုံမှန်ဖြည့်တင်း ထားရှိပြီးဖြစ်တဲ့အပြင် အရန်ဆီတွေ ကြိုတင် စီမံဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

အများပြည်သူတွေအနေနဲ့ စက်သုံးဆီတွေကို မြို့ကြီးတွေနဲ့ ခရီးလမ်းတစ်လျှောက်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း ဝယ်ယူသုံးစွဲနိုင်တယ်လို့လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထား ပါတယ်။
မော်တော်ယာဉ်တွေကို စက်သုံးဆီရောင်းချပေးရာမှာ စုံ/မစနစ်နဲ့ Bar Code/QR Code ကို Scan ဖတ်ပြီး ရောင်းချ ပေးနေတာဖြစ်သလို ယာဉ်အမျိုးအစားနဲ့ စက်စွမ်းအားအလိုက် သတ်မှတ်ထားတဲ့ တစ်ပတ်စာဝယ်ယူခွင့်ပမာဏနဲ့ အကြိမ်ရေအတိုင်း ရောင်းချပေးနေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားပြီးဖြစ်ပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
သွားလာမှု
သတင်း

DEMU မဟုတ်သည့် ရထားများအတွက် ခုံမဲ့လက်မှတ်များ ရောင်းချနေ

One News

Nov 21, 2026 15

DEMUမဟုတ်တဲ့ ရိုးရိုး AAR ရထားနဲ့ လေအိတ်ရထားခရီးစဉ်အတွက် ခုံမဲ့လက်မှတ်တွေကို အွန်လိုင်းစနစ်နဲ့ ORTP ဝက်ဘ်ဆိုက်ကနေ နိုဝင်ဘာလ ၂၁ ရက်ကစပြီး ရောင်းချပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားက အသိပေးထုတ်ပြန်ပါတယ်။