ဝမ်ဆာရွာကို ခရီးသွားအထောက်အကူပြုကျေးရွာအဖြစ် တိုးချဲ့မည်
One News
Nov 25, 2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ ဝမ်ဆာကျေးရွာကို လူထုအခြေပြု ခရီးသွားလုပ်ငန်း အထောက် အကူပြု ကျေးရွာအဖြစ် တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် ဟိုတယ်၊ ခရီးသွား ဖွံ့ဖြိုးတိုးတက်မှု အကောင်ထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနကနေ သိရပါတယ်။
ရှမ်းပြည်နယ်မှာ လူထုအခြေပြုခရီးသွားလုပ်ငန်း အထောက်အကူပြု ကျေးရွာ ၁၈ ရွာကို အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ဝမ်ဆာကျေးရွာကို တိုးချဲ့ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မှာ ထင်ရှားတဲ့ ခရီးစဉ်ဒေသ ၆ ခုအပြင် လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေ ဖော်ဆောင် ထားတဲ့ ကျောက်တလုံးမြို့နယ်၊ ညောင်ရွှေ မြို့နယ်၊ ပင်းတယမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကျိုင်းတုံ မြို့နယ်၊ တာချီလိတ်မြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်တွေက ကျေးရွာတွေကိုလည်း ခရီးသွားတွေ လာရောက်လည်ပတ်နေတယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ခရီးစဉ် ဒေသတွေကို နယ်စပ်ဒေသတွေကနေ Package Tour အနေနဲ့ နိုင်ငံခြားခရီးသွား ဦးရေ ၉၇၀ လောက် လာရောက်လည်ပတ်ခဲ့ပြီး တောင်ကြီး၊ ညောင်ရွှေ၊ ကလော ခရီးစဉ်ဒေသတွေကို ပြည်တွင်းခရီးသွား ၇ သိန်းခန့်နဲ့ ပြည်ပခရီးသွား ၁၆,၅၆၃ ယောက် လာရောက်လည်ပတ် ခဲ့တယ်လို့ ဆိုပါတယ်။ရှမ်းပြည်နယ်မှာ ၂၀၂၅ ခုနှစ်က ပြည်တွင်း၊ ပြည်ပ ခရီးသွား ၉၃၇,၁၄၄ ယောက် ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ လကနေ အောက်တိုဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား ၁,၀၅၇,၄၁၇ ယောက် လာရောက် လည်ပတ်ခဲ့ပြီး ခရီးသွား ဝင်ရောက်မှု ၁၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ရှမ်းပြည်နယ် ဟိုတယ်၊ ခရီးသွား ဖွံ့ဖြိုးတိုးတက်မှု အကောင်ထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနကနေ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့ ညလွှတ်မီးပုံးပျံများ ဆက်လက်ယှဉ်ပြိုင်
One News
Nov 17, 2026 59ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပနေတဲ့ တောင်ကြီးတန်ဆောင် တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့အဖြစ် နိုဝင်ဘာလ ၁၇ ရက်၊ ညပိုင်းမှာ ညမီးကြီး နဲ့ စိန်နားပန် မီးပုံးပျံတွေ ဆက်လက်လွှတ်တင် ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။