ထိုင်းအစိုးရက ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်လုပ်ကိုင်ခွင့်အထောက်အထား (Work Permit) ထုတ်ပေးတာကို စက်တင်ဘာလကစပြီး ဒစ်ဂျစ်တယ်စနစ်နဲ့ ပြောင်းလဲပြုလုပ်ပေးမယ်လို အလုပ်အကိုင် စီမံခန့်ခွဲ ရေးဌာနက ထုတ်ပြန်ထားပါတယ်။

အသစ်ထုတ်ပေးမယ့် ဒစ်ဂျစ်တယ်စနစ်ကနေ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသူနဲ့ အလုပ်သမားတွေဟာ သူတို အလုပ်လုပ်ကိုင်ခွင့်ရမယ့် အချိန်နဲ့အခြေအနေကို သိရှိမှာဖြစ်တယ်လို သိရပါတယ်။ဒီလိုပြောင်းလဲဆောင်ရွက်မယ်ဆိုရင် အချက်အလက်တွေ ပိုမိုမှန်ကန်လာမှာဖြစ်ပြီး မြန်မာလုပ်သားတွေအတွက် မလိုလားအပ်တဲ့ ပွဲစားပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလို သုံးသပ်ပြောကြားပါတယ်။ ဒစ်ဂျစ်တယ်စနစ်နဲ့ Work Permit လျှောက်ထားရာမှာ အရင်က မကောက်ခဲ့တဲ့ အချက်အလက်တွေကိုပါ ကောက် ယူမှာဖြစ်ပြီး နိုင်ငံအတွင်း ပြည်ပရွှေ့ပြောင်းလုပ်သား တွေ ပြုလုပ်နိုင်တဲ့ ပြဿနာအဝဝကိုလည်း စောင့်ကြည့်မယ်လို သိရပါတယ်။ဒစ်ဂျစ်တယ်စနစ်နဲ့ ပြောင်းလဲဆောင်ရွက်တဲ့အခါ ထိုင်းမှာ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေ ဟာ အလုပ်လုပ်ကိုင်ခွင့်အထောက်အထားအတွက် ဆော့ဝဲဖ်လ်ကနေတစ်ဆင့် ၂၄ နာရီ ၇ ရက်ပတ်လုံး လျှောက် ထားပြီး အတည်ပြုမှု တောင်းခံနိုင်မှာ ဖြစ်ပါတယ်။

ထိုင်းအစိုးရက လာမယ့် စက်တင်ဘာလမှာ စတင်ကျင့်သုံး မယ့် ဒစ်ဂျစ်တယ်ဝပ်ပါမစ် ပလက်ဖောင်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ပုံဖော်ဆောင်ရွက်ပေးတာပါ။ လက်ရှိ ဘန်ကောက်မြိုမှာ အလုပ်လုပ်ကိုင်ခွင့် အထောက်အထား (Work Permit)ထုတ်ပေးတဲ့ စင်တာ ၇ ခုအပြင် တခြားခရိုင်တွေမှာ ၃၃ ခုနဲ့ ရွှေ့လျားစနစ်နဲ့ လုပ်ဆောင်ပေးနေ တဲ့ ဌာန ၈ ခု ရှိတယ်လို သိရပါတယ်။ ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန်ခရိုင်(မဟာချိုင်)အပါအဝင် ခရိုင်တချို မှာတော့ လုပ်ငန်းရှင်တွေက နေရပ် ပြန်သွားတဲ့ ကမ္ဘောဒီးယားလုပ်သားတွေနေရာမှာ မြန်မာလုပ်သားတွေကို အစားထိုးခန့်အပ်ဖို ပြင်ဆင်လာကြ တယ်လိုလည်း သိရပါတယ်။