ကယ်လီဖိုးနီးယားအခြေစိုက် Salton ပင်လယ်အောက်မှာ ကြီးမားတဲ့ လစ်သီယမ်တန် ၁၈ သန်းကို သိပ္ပံပညာရှင် တွေ တွေ့ရှိခဲ့ကြပြီး ခန့်မှန်းခြေအားဖြင့် အမေရိကန် ဒေါ်လာ ၅၄၀ ဘီလီယံတန်ဖိုးရှိတယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။

White gold လို့ ခေါ်ကြတဲ့ လစ်သီယမ်ဟာ EV ဘက်ထရီတွေ၊ စမတ်ဖုန်းတွေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သိုလှောင်မှုတွေရဲ့ အဓိကစွမ်းအင် ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ တူးဖော်မှုတွေအစား ရေကိုချွေတာပြီး မြေကိုကာကွယ်ပေးတဲ့ သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေရှိတဲ့ နည်းလမ်းဖြစ်တဲ့ geothermal brine extraction ကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဒီတွေ့ရှိမှုကြောင့် အမေရိကန်ရဲ့သွင်းကုန်တွေကို လျှော့ချနိုင်ပြီး စီးပွားရေးကို အရှိန်မြှင့်တင်နိုင်ကာ လျှပ်စစ် စွမ်းအင် တော်လှန်ရေးကို အားကောင်းစေပြီး ကယ်လီဖိုးနီးယားကို သန့်ရှင်းတဲ့စွမ်းအင်ရဲ့ အဓိကနေရာအဖြစ် ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။



