အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ AI နည်းပညာတိုးတက်လာမှုကြောင့် လျှပ်စစ်လိုအပ်ချက် မြင့်တက်လာ မှုကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒေါ်လာ ၉၂ ဘီလီယံတန်ဖိုးရှိ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံဆိုင်ရာ သဘောတူညီချက်တွေကို ကြေညာဖို့ ဇူလိုင် ၁၅ ရက်က ပင်ဆယ်ဗေးနီးယားပြည်နယ်ကို သွားရောက်ခဲ့တယ်လို့ The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။

ထရမ့်ဟာ Carnegie Mellon တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ပင်ဆယ်ဗေးနီးယား စွမ်းအင်နှင့်ဆန်းသစ်တီထွင်မှု ဆိုင် ရာ ထိပ်သီးအစည်းအဝေးမှာ အဲဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အေအိုင်နည်းပညာ ပြိုင်ဆိုင်မှုမှာ တရုတ်ကို အနိုင်ယူနိုင်ရေးနဲ့ ပတ်သက်ပြီး အများကြီး ဆွေးနွေးသွားခဲ့ပါတယ်။နည်းပညာလောကဟာ Generative AI ကို နည်းပညာလောကရဲ့ နောက်ထပ်လှိုင်း အသစ်တစ်ခုအနေနဲ့ အပြည့် အဝ လက်ခံထားပေမယ့် AI ရဲ့ ကြီးမားတဲ့လျှပ်စစ်လိုအပ်ချက်ကို လက်ရှိ အခြေခံအဆောက်အအုံတွေက မဖြည့် ဆည်းနိုင်မှာကို စိုးရိမ်နေကြပါတယ်။ Generative AI ဟာ စွမ်းအင်အများအပြားသုံးစွဲတဲ့ Nvidia က ပရိုဆက်ဆာ တွေကို လည်ပတ်နိုင်ဖို့ ကြီးမားတဲ့ ကွန်ပျူတာစွမ်းအားကို လိုအပ်ပါတယ်။

၂၀၂၈ ခုနှစ်မှာ နည်းပညာကုမ္ပဏီတွေဟာ AI အတွက် လျှပ်စစ်ဓာတ်အား ၅ ဂစ်ဂါဝပ်အထိ လိုအပ်လာလိမ့်မယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ အဲဒီပမာဏဟာ အိမ်ခြေပေါင်း ၅ သန်းကို လျှပ်စစ်ပေးနိုင်တဲ့ ဓာတ်အား ပမာဏ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီရန်ပုံငွေဟာ ဒေတာစင်တာအသစ်တွေ၊ ဓာတ်အားထုတ်လုပ်တာ၊ ဓာတ်အား ဖြန့်ဖြူးတာနဲ့ ကွန်ရက်အခြေခံအဆောက်အအုံတွေ၊ AI လေ့ကျင့်ရေးနဲ့ အလုပ်သင်အစီအစဉ်တွေအတွက် အကျုံးဝင်မှာ ဖြစ်ပါတယ်။