ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ သွင်းကုန်လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၀၃ သန်းကျော် ရောင်းချပေးခဲ့တယ်လို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အချက်အလက်တွေအရ သိရပါ တယ်။CMP ကုမ္ပဏီတွေဆီကဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၈၂ သန်းကျော်ကို စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို ရောင်းချပေးခဲ့ပြီး စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၆ သိန်း ၂ သောင်းကျော် ရောင်းချပေးခဲ့ပါတယ်။

ဒီအပြင် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် FX Trading Platform မှာသွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်း နဲ့ ထိုင်းဘတ် သန်း ၅၀ ဆက်လက်ရောင်းချပေးဖိုလည်း ရှိနေပါတယ်။ဗဟိုဘဏ်ကနေ အခုလို စက်သုံးဆီနဲ့ စားသုံးဆီလုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေတွေ ရောင်းပေးတာဟာ ဈေးနှုန်း တွေ တည်ငြိမ်စေဖိုနဲ့ ဈေးကွက်အတွင်း ငွေကြေးအဆင်ပြေစေဖို ရည်ရွယ်ရောင်းချတာ ဖြစ်နိုင်တယ်လို စက်သုံးဆီ လုပ်ငန်းရှင်တချိုက ပြောပါတယ်။

ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးတွေကို AD လိုင်စင်ရဘဏ်တွေ၊ ပိုကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးနေတာ ဖြစ်ပါတယ်။FX Market Online Trading Platform မှာ ဩဂုတ် ၄ ရက်က နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်နေတဲ့ ဈေးနှုန်း ကတော့ အမေရိကန် တစ်ဒေါ်လာကို ၃၆၂၂ကျပ်၊ တရုတ်ငွေတစ်ယွမ် ကို ၅၅၃ ဒသမ ၆၅ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၁၃၄ ဒသမ ၄၀ ကျပ် ဖြစ်ပါတယ်။