နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ(၂၅)သန်း ရောင်းချပေး မယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၅ ရက်ကတော့ CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက စားသုံးဆီတင်သွင်း တဲ့ ကုမ္ပဏီတွေကို အမေရိကန်ဒေါ်လာ ၁ သန်းကျော် ရောင်းချပေးခဲ့ပါတယ်။

အဲဒီအပြင် စက်တင်ဘာ ၁၅ ရက်မှာ ပဲ FX Market Online Trading Platform ကနေ တရုတ်ယွမ် ၈ သောင်းခွဲ ကျော်ကိုလည်း ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။FX Market Online Trading Platform မှာ စက်တင်ဘာ ၁၅ ရက်က နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်တဲ့ ဈေး နှုန်းတွေကတော့ အမေရိကန် တစ်ဒေါ်လာကို ၃၆၃၁ ကျပ်၊ ထိုင်း တစ်ဘတ်ကို ၁၃၄ ဒသမ ၄၀ ကျပ်နဲ့ တရုတ် တစ်ယွမ်ကို ၅၅၆ ကျပ် ဖြစ်ပါတယ်။




