စားသုံးဆီနဲ့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် အမေရိကန်ဒေါ်လာ ၁ သန်းခွဲကျော်ကို စက်တင်ဘာ ၁၈ ရက်က ထုတ်ရောင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် အမေရိကန်ဒေါ်လာ ၁ သန်းကျော်နဲ့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် အမေရိကန်ဒေါ်လာ ၅ သိန်း ကျော် ရောင်းချပေးခဲ့တာပါ။

အလားတူ CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁ သိန်းခွဲကျော် ကိုလည်း Non-trade payment တွေအတွက် ရောင်းချပေးခဲ့ပါတယ်။FX Market Online Trading Platform မှာ စက်တင်ဘာ ၁၈ ရက်က နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်တဲ့ ဈေးနှုန်းတွေကတော့ အမေရိကန် တစ်ဒေါ်လာကို ၃၆၃၁ ကျပ်၊ ထိုင်း တစ်ဘတ်ကို ၁၃၄ ဒသမ ၄၀ ကျပ်နဲ့ တရုတ် တစ်ယွမ်ကို ၅၅၆ ကျပ် ဖြစ်ပါတယ်။




