မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)မှာ စက်သုံးဆီလုပ်ငန်းရှင် တွေအတွက် ၁ ဒေါ်လာကို ၃၆၀၆ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၈ သိန်းကျော်နဲ့ ၁ ဘတ်ကို ၁၃၁ ကျပ်နဲ့ ထိုင်းဘတ် ၁ သန်းခွဲကျော်ကို မေလ ၁၂ ရက်က ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၉ ရက်ကလည်း သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ထိုင်းဘတ် ၃ သန်းခွဲကျော်ကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ရောင်းပေးခဲ့သေးတယ်လို့ သိရပါတယ်။