မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ သွင်းကုန်လုပ်ငန်းရှင်တွေအတွက် တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင်လ ၂ ရက်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေထဲက အမေရိကန်ဒေါ်လာ ၁ သန်း ကျော်ကိုလည်း စားသုံးဆီ တင်သွင်းတဲ့ကုမ္ပဏီတွေကို ဇူလိုင်လ ၂ ရက်က ရောင်းချပေးခဲ့တယ်လို့ ဗဟိုဘဏ်က သိရပါတယ်။။လက်ရှိ FX Market Online Trading Platform မှာ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်နေတဲ့ ဈေးနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို ၃၆၁၇ ကျပ်၊ တရုတ်ငွေ တစ်ယွမ်ကို ၅၅၁ ကျပ်နဲ့ ထိုင်းတစ်ဘတ်ကို ၁၃၃ ဒသမ ၄၅ ကျပ် ဖြစ်ပါတယ်။