မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန် ဒေါ်လာ ၃၃ သန်း ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင်လ ၁ ရက်က ထုတ်ပြန်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို FX Trading Platform ကနေ နိုင်ငံခြားငွေကြေးတွေကို ရောင်း ချပေးသွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေထဲက အမေရိကန်ဒေါ်လာ ၁ သန်း ကျော်ကိုလည်း စားသုံးဆီ တင်သွင်းတဲ့ကုမ္ပဏီတွေကို ဇူလိုင်လ ၁ ရက်နေ့မှာ ရောင်းချပေးခဲ့တယ်လို့ ဗဟိုဘဏ်က သိရပါတယ်။။လက်ရှိ FX Market Online Trading Platform မှာ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်နေတဲ့ ဈေးနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို ၃၆၁၇ ကျပ်၊ တရုတ်ငွေ တစ်ယွမ်ကို ၅၅၁ ကျပ်နဲ့ ထိုင်းတစ်ဘတ်ကို ၁၃၃ ဒသမ ၄၅ ကျပ် ဖြစ်ပါတယ်။