မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန်လ ၂၃ ရက်မှာ ထုတ် ပြန်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို FX Trading Platform ကနေ နိုင်ငံခြားငွေကြေးတွေကို ရောင်း ချပေးသွားမှာပါ။ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်က CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေထဲက အမေရိကန်ဒေါ်လာ ၄ သိန်း ၆ သောင်းကျော်ကို စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို ရောင်းချပေးခဲ့ပါတယ်။

အဲဒီအပြင် ဗဟိုဘဏ်က ရောင်းချပေးမယ့် အမေရိကန်ဒေါ်လာ ၁၀ သန်းထဲက အမေရိကန်ဒေါ်လာ ၄ သိန်း ၉ သောင်းကျော်ကို တခြားကုန်စည်တင်သွင်းတဲ့ ကုမ္ပဏီတွေကို ရောင်းချပေးခဲ့တယ်လို့လည်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။လက်ရှိ FX Market Online Trading Platform မှာ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်နေတဲ့ ဈေးနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို ၃၆၁၅ ကျပ်ဖြစ်ပြီး တရုတ်ငွေတစ်ယွမ် ကို ၅၄၉ ကျပ် ထိုင်းတစ်ဘတ်ကို ၁၃၃ ကျပ် ဖြစ်ပါတယ်။