အမေရိကန်ရဲ့ စည်းကြပ်ခွန်အပေါ် တုံပြန်ဖိုအတွက် တရုတ်နဲ့ ဥရောပသမဂ္ဂတိုအကြား စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းမှု ခိုင်မာလာစေဖိုအတွက် နှစ်နိုင်ငံအမြင်တွေ ဖလှယ်ခဲ့ကြတယ်လို ဧပြီ ၁၀ ရက်မှာ တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း CNN သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ဧပြီ ၈ ရက်က ပြုလုပ်ခဲ့တဲ့ ဗီဒီယိုကောခေါ်ဆိုမှုအတွင်း တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝမ့်ထောင် က ဥရောပ ကုန်သွယ်ရေးနဲ့စီးပွားရေး လုံခြုံရေးကောင်စီဝင် မာရိုရှက်ဗ်ချိုဗစ်တို ဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးမှု တွေအတွင်း ကုန်သွယ်ရေးအဟန့်အတားတွေကို လျှော့ချဖိုနဲ့ လျှပ်စစ်ဓာတ်အားသုံးယာဉ်တန်ဖိုးကို ညှိနှိင်း ဆောင်ရွက်ဖို ပြန်လည်လုပ်ဆောင်သွားမယ့်အကြောင်းတွေ သဘောတူခဲ့ကြတယ်လို တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီဆွေးနွေးမှုကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု မစတင်ခင်မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို သိရပါတယ်။