ပြည်တွင်းစက်ရုံက ထုတ်လုပ်တဲ့ ဘိလပ်မြေတွေကို ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို ဦးစားပေးဖြန့်ဖြူး ရောင်းချနိုင်ဖို စီမံဆောင်ရွက်ရမယ်လို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောပါ တယ်။

ဧပြီလ ၂၀ ရက်က နေပြည်တော်မှာရှိတဲ့ မက်စ်မြန်မာ ဘိလပ်မြေစက်ရုံကို ရောက်ရှိချိန်မှာ ဘိလပ်မြေဖြန့်ဖြူး ရောင်းချတာနဲ့ ပတ်သက်ပြီး အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။

ပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ်အဆောက်အအုံတွေ ၊ စက်ရုံအလုပ်ရုံတွေနဲ့ လမ်းတံတားတွေ ပျက်စီးဆုံးရှုးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ဘိလပ်မြေလိုအပ်ချက်များစွာရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ဘိလပ်မြေစက်ရုံတွေ ၊ သံနဲ့သံမဏိစက်ရုံတွေ ၊ အမိုး ၊ အမိုးပြားစက်ရုံတွေ ၊ အထပ်သားစက်ရုံတွေနဲ့ အုတ်စက်ရုံတွေကို စက်စွမ်းအားပြည့်ပြန်လည် လည်ပတ်နိုင်ဖို လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေး နေတယ်လို ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးလို ပြည်တွင်းက ဆင်မင်း(၃)ဘိလပ်မြေစက်ရုံ၊ အယ်ဖာ ဘိလပ်မြေစက်ရုံနဲ့ ကြံနှစ်ကောင် ဘိလပ်မြေစက်ရုံတွေ ရပ်နားထားခဲ့ရတယ်လို သိရပါတယ်။
ငလျင်ကြောင့် မက်စ်မြန်မာ ဘိလပ်မြေစက်ရုံမှာလည်း ထိခိုက်မှုတစ်ချိုရှိခဲ့ပေမယ့် ဧပြီလ ၁၅ ရက်ကစပြီး ပုံမှန် လည်ပတ်နေပြီလို သိရပါတယ်။
ဧပြီလ ၃ ရက်နေ့ကနေ ဧပြီလ ၂၀ ရက်အထိ မက်စ်မြန်မာ ဘိလပ်မြေစက်ရုံက ထုတ်လုပ်တဲ့ဘိလပ်မြေ တန်ချိန် ၁၀၁၅၀ ကို ဖြန့်ဖြူးရောင်းချထားတယ်လို သိရပါတယ်။
အခုကာလမှာ ပြည်တွင်းကဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ဘိလပ်မြေကို တင်သွင်းခွင့်ပြုထား ပြီး ပြည်ပကနေဘိလပ်မြေတင်ဆောင်တဲ့ ရေယာဉ်တွေက အပတ်စဉ် ဆက်လက်ရောက်ရှိလာဖိုလည်း ရှိနေပါ တယ်။