တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့အလည်အပတ်ခရီးစဉ်အတွင်းမြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းကိုယ်တိုင် လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ရှီဟာ အခု နှစ်အတွက် သူ့ရဲ့ပထမဆုံးပြည်ပခရီးစဉ်အဖြစ်ဇွန်လ ၈ ရက်မှာ ပြုံယမ်းမြို့တော်ဆီ ရောက်ရှိလာခဲ့တာ ပါ။ ရှီကို မြောက်ကိုရီးယားက တခမ်းတနားကြိုဆိုနေပုံတွေကို တရုတ်အစိုးရပိုင် CCTV သတင်းဌာန က ထုတ်လွှင့်ပြသခဲ့ရာမှာ လေဆိပ်မှာ ကင်မ်နဲ့ဇနီးဖြစ်သူရီဆိုဂျူတို့ပါ အတူရှိနေတာကို တွေ့ခဲ့ရပါ တယ်။

ဗီဒီယိုထဲမှာ ကော်ဇောနီ ဖြန့်ခင်းထားပြီး မြောက်ကိုရီးယား ဂုဏ်ပြုတပ်ဖွဲ့က ဘေးတစ်ဖက်တစ် ချက်မှာ နေရာယူထားတာကို တွေ့ရသလို ရှီနဲ့ကင်မ်တို့ဟာ ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီး မြောက်ကိုရီးယားကလေးငယ်တွေက ရှီနဲ့ သမ္မကတော် ဖုန်လိယွမ်တို့ကို ပန်းစည်းတွေကမ်းပြီး ကြိုဆို ခဲ့ကြတာကို တွေ့ရပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင် မြောက်ကိုရီးယားကို ဆိုက်ရောက်လာပြီဆိုတာ ကို နှစ်နိုင်ငံအစိုးရပိုင်မီဒီယာတွေက အတည်ပြုခဲ့ပေမယ့် နောက်ပိုင်း အစီအစဉ်တွေနဲ့ ပတ်သက်လို့ ထုတ်ပြန်မထားသေးပါဘူး။




