ဘယ်ဘက်တံကောက်ကြော ကြွက်သားနာကျင်မှုကို ခံစားနေရတဲ့ တိုက်စစ်မှူး မက်ဆီအနေနဲ့ လေ့ကျင့်မှု တွေမှာ အကောင်းဆုံးလုပ်ဆောင်နေတာကြောင့် အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်မီ ကစား မယ့် ခြေစမ်းပွဲတွေမှာ ပါဝင်ကစားနိုင်မယ်လို့ နည်းပြ စကာလိုနီက ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ရမယ့် အာဂျင်တီးနားအသင်းဟာ အခုညမှာ ဟွန်းဒူးရပ်စ်အသင်း၊ အင်္ဂါညမှာ အိုက်စလန်အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ကစားမှာဖြစ်ပြီး ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲကိုတော့ ဇွန် ၁၆ ရက် နေ့မှာ ကစားမှာဖြစ်ပါတယ်။အသက် ၃၈ နှစ် အရွယ် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကတော့ မေ ၂၅ ရက်က ကစားခဲ့တဲ့ အင်တာမိုင်ယာမီ အသင်းရဲ့ မေဂျာလိဂ်ပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲခံလိုက်ရတာဖြစ်ပြီး ဆေးစစ် ချက် တွေအရ ဒဏ်ရာမပြင်းထန်ဘူးလို့ သိရတာ ဖြစ်ပါတယ်။

အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်တဲ့ မက်ဆီက ခြေစမ်းပွဲ တွေမှာ မိနစ်ပိုင်းအချို့ ဝင်ရောက် ကစား နိုင်မှာဖြစ်သလို ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအတွက်လည်း အဆင်သင့် ဖြစ်နေမှာပါလို့ နည်းပြ စကာလိုနီက ပြောသွားခဲ့တာပါ။အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထား ရတဲ့ ပါရီဒက်စ်၊ မိုလီနာ၊ နီကိုပက်ဇ်နဲ့ မွန်တီရယ် တို့လည်း ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာဖို့အတွက် ပြုလုပ်နေရဆဲဖြစ်ပြီး အသင်းနဲ့အတူ လေ့ကျင့် ခန်း မဆင်းနိုင်သေးတာ ဖြစ်ပါတယ်။




